
ကလေး PDF ( တပ်ရင်း၂ ) ရဲ့ အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

သင်တန်းဆင်းပွဲမှာ လက်ဖြောင့်ဆု၊ ဇွဲဆု၊ အခက်အခဲကျော်ဆုနဲ့ စစ်ရေးပြစံပြဆု ရရှိသူတွေကို သင်တန်းမှူးတွေက ဆုအသီးသီးပေးအပ်ခဲ့ပါတယ်။
တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကာ ပြည်သူအားလုံးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိဖို့ ရဲရဲဝံ့ဝံ့ချီတက်ပါမယ်လို့ သစ္စာအဓိဌာန်ပြုကြောင်းလည်း ကလေး PDF က ဆိုပါတယ်။