မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာမြို့သစ်မှာရှိတဲ့ စစ်အုပ်စုရဲ့ သတင်းပေး ဒလန်လို့ နာမည်ကြီးနေသူတစ်ဦးရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ မတ်လ ၂ရက်နေ့ ညနေ၆နာရီ ၄၅မိနစ်ခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး Mandalay Youth Special Forces – MYSFအဖွဲ့က နေအိမ်ပိုင်ရှင် ဦးစိုးမြင့်ဟာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးဒလန်လုပ်ဆောင်ပေးနေတာကြောင့် အခုလို သတိပေးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။