
၄၊ နိုဝင်ဘာ၊ ၂၀၂၁။
ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်တဲ့ လီဗာပူးလ်အသင်းရဲ့ ခြေစွမ်းကို မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ချီးကျူးလိုက်ပြီး လီဗာပူးလ်အသင်းဟာ လိုချင်တဲ့ အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အသင်းကောင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ စပိန်ကလပ် အက်သလက်တီကိုအသင်းကို သက်သောင့်သက်သာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး အုပ်စုမှာ ရှုံးပွဲလုံးဝမရှိ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာပါ။
ဖာဒီနန်က နည်းပြဂျာဂင်ကလော့ပ်ရဲ့ အသင်းကို “အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့အသင်း”အဖြစ် ချီးကျူးပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
ဒါကြောင့်လည်း မန်ယူအသင်းလို ဖရိုဖရဲဖြစ်မနေဘဲ လီဗာပူးလ်အသင်းရဲ့ လက်ရှိခြေစွမ်းက အစစအရာရာ စိတ်ချရနိုင်တယ်လို့ သူက သုံးသပ်သွားခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အက်သလက်တီကိုအသင်းကို ဂျိုတာနဲ့ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး အုပ်စုပွဲစဉ်တွေ မပြီးဆုံးခင် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။