
၃၊ နိုဝင်ဘာ၊ ၂၀၂၁။
Seedorf Khabib ဆိုတဲ့ ဘောလုံး သင်တန်းကျောင်းကို UFC ဂန္ထဝင်ဖိုက်တာ ခါဘစ်နဲ့ အေစီမီလန်ဂန္ထဝင်ကစားသမား ဆီးဒေါ့ဖ်တို့ ပူးပေါင်းပြီး တည်ထောင်လိုက်ပါတယ်။
ဒီဘောလုံး သင်တန်းကျောင်းဟာ ဒူဘိုင်းမြို့မှာ တည်ရှိပြီး ကမ္ဘာတဝှမ်းဘောလုံးအားကစားပြန့်ပွားရေးအပြင် MMA တိုက်ခိုက်ရေးပညာတွေပါ တစ်ပါတည်း ပြန့်ပွားဖို့အတွက် ပူးပေါင်းတည်ထောင်လိုက်တာလည်းဖြစ်ပါတယ်။
ကမ္ဘာတလွှားက ဘောလုံး ဝါသနာရှင် ကလေးငယ်တွေဟာ ဘောလုံးအားကစားကို အလွယ်တကူ ကစားနိုင်ပြီး အားကစားနည်းတွေကို ချစ်မြတ်နိုးလာဖို့အတွက် ဒီဂန္ထဝင်နှစ်ဦးက ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
UFC ဂန္ထဝင်ဖိုက်တာ ခါဘစ်ကိုယ်တိုင်က တိုက်ခိုက်ရေး အားကစားနည်းကို အသက်မွေးဝမ်းကျောင်းပြု ရွေးချယ်ခဲ့ပေမယ့် ဘောလုံးအားကစားနည်းကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပါတယ်။
ခါဘစ်ဟာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသလို မန်ယူအသင်းရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်ပါတယ်။
ခါဘစ်နဲ့ ဆီးဒေါ့ဖ်တို့ဟာ အခုဒူဘိုင်းမှာ ဖွင့်လှစ်လိုက်တဲ့ ဘောလုံးသင်တန်းကျောင်းလိုမျိုး ကမ္ဘာအနှံ့အပြားမှာလည်း ဖွင့်လှစ်ဖို့ အစီအစဉ်ရှိနေကြပါတယ်။