နှလုံးပြဿနာကြောင့် ဘာစီလိုနာ တိုက်စစ်မှူး အဂူရို သုံးလနားရမယ်

 

၂၊ နိုဝင်ဘာ၊ ၂၀၂၁။

ဘာစီလိုနာတိုက်စစ်မှူး အဂူရိုဟာ နှလုံးကျန်းမာရေး အခြေအနေကြောင့် သုံးလခန့် အနားယူရတော့မယ်လို့ Guardian သတင်းဌာနက ဖော်ပြလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အလာဗက်စ်နဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာတိုက်စစ်မှူး အဂူရိုအနေနဲ့ ပွဲကစားနေချိန်အတွင်း နှလုံးပြဿနာဖြစ်ခဲ့လို့ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ရပါတယ်။ 

ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်အရ အဂူရိုဟာ နှလုံးကျန်းမာရေးအတွက် ဆရာဝန်တွေနဲ့ စမ်းသပ်စစ်ဆေးပြီးနောက် အနည်းဆုံး ၃ လလောက်ကို အနားယူဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဘာစီလိုနာအသင်းကို ရောက်လာခဲ့တဲ့ အဂူရိုအနေနဲ့ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ခွင့်ဟာ နည်းပါးခဲ့ပြီး နှလုံးပြဿနာကြောင့် အခုအခါမှာ သုံးလလောက် အနားယူရတော့မှာဖြစ်ပါတယ်။

အဂူရိုဟာ အလာဗက်စ်နဲ့ ပွဲစဉ်မှာ ကစားနေချိန်အတွင်း အသက်ရှုကျပ်၊ မူးမော်ပြီး ရင်ဘက် မအီမသာ  ရောဂါတွေ ခံစားခဲ့ရပါတယ်။ 

ကစားသမားရှားပါးမှုတွေဖြစ်ပေါ်နေသလို နည်းပြနေရာအတွက်လည်း လိုအပ်ချက်ရှိနေတဲ့ ဘာစီလိုနာအသင်းကတော့ လက်ရှိ အဂူရိုရဲ့ အခြေအနေဟာ ထိုးနှက်မှုတစ်ခုအဖြစ် ရှိလာခဲ့တာပဲဖြစ်ပါတယ်။