အကြမ်းဖက်စစ်အုပ်စုက မြန်မာတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းတွေကို ဒီကနေ့စတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်အပါအဝင် မြို့တချို့တို့မှာ ကျောင်းတက်သူရှားနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။
ရန်ကုန်၊သုံးခွ၊ခရမ်း၊မော်လမြိုင်၊ပြည်၊မန္တလေး၊မုံရွာ၊ယင်းမာပင်နဲ့ပုလဲမြို့ပေါ်နေပြည်သူတို့ကို မေးမြန်းခဲ့ရာမှာ အဲဒီဒေသခံတွေအားလုံးက ကျောင်းတက်သူတော်တော်နည်းတယ်လို့ ပြောဆိုကြတာ ရှိနေပါတယ်။
ရန်ကုန်မြို့မှာတက္ကစီမောင်းနေသူတစ်ဦးက ကျောင်းအဆင်းအတက်တိုင်းမှာ ယာဉ်ကြောပိတ်ဆို့လေ့ရှိတဲ့ ရန်ကင်းတီတီစီနဲ့ ပြည်လမ်းပေါ်ကတီတီစီတို့မှာ ကျောင်းကားတွေကိုလည်းမတွေ့ရသလို ပုံမှန်အတိုင်း လမ်းရှင်းနေတယ်လို့ ဆိုပါတယ်။
‘အခုရန်ကင်းတီတီစီနားရပ်နေတာ ကျောင်းသား၃ယောက်လောက်တွေ့တယ်။ဒီနေ့မနက်ကတည်းက ရန် ကုန်မြို့ပတ်နေတာ အဖြူအစိမ်းနဲ့ အဲဒီ၃ယောက်ပဲမြင်ဖူးတယ်။ရန်ကုန်တစ်မြို့လုံးအခြေအနေကိုခြုံပြီးပြော ရရင် ကျောင်းမတက်တာ ၉၉ရာခိုင်နှုန်းတောင်ကျော်မယ်ထင်တယ်’လို့သူကပြောပါတယ်။
လှိုင်မြို့နယ်၂ရပ်ကွက်မှာနေထိုင်သူအိမ်ထောင်ရှင်မတစ်ဦးက အကြမ်းဖက်စစ်အုပ်စုကို မယုံကြည်လို့ သူ့ သားကို ကျောင်းမတက်ခိုင်းဘူးလို့ဆိုပါတယ်။
‘ကလေးတွေ ကျောင်းအတက်အဆင်းချိန်မှာ စစ်တပ်က တစ်ခုခုမလုပ်ဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။လုပ်ခဲ့ ရင် ကိုယ့်ကလေးပဲ ဒုက္ခ ရောက်မှာလေ။သူတို့အကျင့်က ဘယ်သူ့ကိုမှမညှာဘူးဆိုတော့ သူတို့လုပ်ပြီး PDF တွေကို ထိုးချတာမျိုးလုပ်နိုင်တယ်ထင်လို့ ကျောင်းမလွှတ်တာ’လို့ သူကပြောပါတယ်။
တောင်ဥက္ကလာမြို့နယ်၊၁၄ရပ်ကွက်နေ အိမ်ထောင်ရှင်မတစ်ဦးကမူ ၈တန်းတက်ရမည့်သူ့သမီးကို ကျောင်းလွှတ်သင့်၊မသင့် အခြေအနေစောင့်ကြည့်နေပြီး အများက ကျောင်းထားမှသာ ထားဖြစ်မယ်လို့ ဆိုပါတယ်။
‘ဥပမာ-ကျောင်းသားသုံးပုံနှစ်ပုံကျော်လောက်တက်ရင်တော့ စဉ်းစားရမှာပေါ့။အခုတော့မထားဘူး။စစ်တပ် က လူစိတ်ရှိတာမဟုတ်ဘူး’လို့ သူကဆိုပါတယ်။
ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားလူငယ်တစ်ဦးက ခရမ်းမြို့ပေါ်မှာ ကျောင်းတက်တဲ့အသံမကြားရဘဲ ကျောင်းမတက်ဘူးဆိုတဲ့ အသံသာ ကြားနေရတယ်လို့ ပြောပါတယ်။
‘သုံးခွမှာက ဆရာမတွေတောင် အဖြူအစိမ်းမဝတ်ဘဲ ကျောင်းရောက်မှလဲတာထင်တယ်။ကျောင်းတက်တာ တော်တော်ရှားတယ်။ရဲသားသမီးတွေ တက်တယ်ထင်တယ်။ကြံ့ဖွံ့သားသမီးတွေတောင် မတက်ဘူးလို့ကြား တယ်’လို့ သုံးခွမြို့ ၂ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။
ပဲခူးတိုင်း၊ပြည်မြို့ပေါ်မှာတော့ ခေတ္တရာမြို့သစ်က အထက(၅)မှာ ကျောင်းတက်သူနည်းနည်းပိုများတယ်လို့ သိရပါတယ်။
‘၉၅၉တပ်အနောက်က အထက၅မှာတက်တဲ့သူပိုများပါတယ်’လို့ပြည်မြို့ခံတစ်ဦးကပြောပါတယ်။
မုံရွာ၊ပုလဲနဲ့ ယင်းမာပင်မြို့ပေါ်မှာလည်း ကျောင်းဖွင့်ထားပေမဲ့ ကျောင်းတက်သူအင်မတန်နည်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အထက၁(ပြည်)မှာတော့ ကျောင်းတက်သူအချို့ကို တွေ့ရတယ်လို့ သိရပါတယ်။
မန္တလေးတက္ကသိုလ်အနီးနေ ပြည်သူတစ်ဦးကတော့ ‘ကျွန်တော်တို့မန္တလေးလည်း နိုးပါပဲ။မိဘတွေလည်းမ တက်ခိုင်းဘူး။ကျောင်းသားတွေကိုယ်တိုင်ကလည်း သူ့အသိနဲ့သူ မတက်ချင်ကြဘူး။စစ်တပ်ကတော့ ရှင်း ပါတယ်။ဘယ်သူမှ မတက်လည်းဖွင့်မှာပဲ။ပြဿနာတစ်ခုခုတက်လည်း တာဝန်ယူမှာမဟုတ်ဘူး။ကျွန်တော် တို့ မန္တလေး ကတော်တော်များများက ကျောင်းတက်သင့်မတက်သင့်စောင့်ကြည့်နေတာမဟုတ်ဘူး။တက်ကို မတက်မှာ’လို့ ပြောပါတယ်။