စင်ကာပူနိုင်ငံသူ ကုလဝါရင့်သံတမန်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။

စင်ကာပူ နိုင်ငံသူ ကုလသမဂ္ဂ ဝါရင့် သံတမန် ဒေါက်တာ နိုလင်း ဟေဇာကိုကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် ခန့်အပ်လိုက်ပါတယ်။

သူဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နာဂစ်မုန်တိုင်း အလွန် ပြန်လည် ထူထောင်ရေး နဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလသမဂ္ဂနဲ့ မြန်မာ အာဏာပိုင်တွေရဲ့ကြား နီးနီးကပ်ကပ် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ဒေါက်တာဟေဇာဟာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ညှိနှိုင်းရေး အဆင့်မြင့် အကြံပေး ဘုဒ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို၊စင်ကာပူ နိုင်ငံ NUS တက္ကသိုလ်က လူထုရေးရာ မူဝါဒ လီကွမ်ယုကျောင်းရဲ့ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ဒေါက်တာဟေဇာဟာ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးရာ ကော်မရှင် အကြီးအကဲ တာဝန်ကို ၂၀၀၇ ကစလို့ ထမ်းဆောင်ခဲ့ပြီးတီမော-လက်စ်တေး ငြိမ်းချမ်းရေး တည်ဆောက်မှုမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး အဖြစ် ၂၀၁၃ ကနေ ၂၀၁၅ အထိ တာဝန်ထမ်းခဲ့ပါတယ်။

ဒေါက်တာ နိုလင်း ဟေဇာဟာ မစ္စ ခရစ္စတင်း ရှရနာ ဘာဂနာရဲ့ နေရာကို ဆက်ခံသူ ဖြစ်လာပါတယ်။

Source-BBC