
၂၆၊ အောက်တိုဘာ၊ ၂၀၂၁။
ကွယ်လွန်သွားတာ တစ်နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာအတွက် ဘာစီလိုနာအသင်းနဲ့ ဘိုကာဂျူနီယာအသင်းတို့ဟာ ချစ်ကြည်ရေးပွဲစဉ် တစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။
စပိန်ကလပ် ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းတို့ဟာ သူတို့ရဲ့ ကစားသမားဟောင်းကြီးကို အမှတ်တရဖြစ်စေဖို့ လာမယ့် ဒီဇင်ဘာလထဲမှာ ပွဲတစ်ပွဲစီစဉ်ပြီး ဂုဏ်ပြုသွားမှာဖြစ်တယ်လို့ တနင်္လာနေ့က အသိပေးပေးထုတ်ပြန်ခဲ့တာပါ။
“ဘာစီလိုနာနဲ့ ဘိုကာဂျူနီယာတို့ လာမယ့် ဒီဇင်ဘာ ၁၄ မှာ မာရာဒိုနာ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ် ဖလားလုပွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်”လို့ ဘာစီလိုနာအသင်းရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ အသိပေးထားပါတယ်။
အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာဟာ ကျန်းမာရေး ပြဿနာများစွာကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုတွေ မကြာခဏ ခံယူခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ နှလုံးအမောဖောက်ပြီး ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာတော့ အသက် ၆၀ ရှိနေပါပြီ။
မာရာဒိုနာ အမှတ်တရ အထိမ်းအမှတ်ပွဲစဉ်ကိုတော့ ဆော်ဒီအာရေးဗျနိုင်ငံ မာဆိုးပက်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
မာရာဒိုနာဟာ အာဂျင်တီနားအတွက် ကမ္ဘာ့ဖလား ၁၉၈၆ ခုနှစ်မှာ ရယူပေးခဲ့ပြီး ဘိုကာဂျူနီယာ၊ ဘာစီလိုနာ၊ နာပိုလီအသင်း စတဲ့ အသင်းတွေမှာ ကစားသမားဘဝ ဖြတ်သန်းခဲ့ပါတယ်။