ဖြိုးမြတ်အောင်ကို ဂီတလမ်းကြောင်းမှာ လက်တွဲခေါ်သွားမယ်လို့ ကတိပေးလိုက်တဲ့ မြန်မာပြည်သိန်းတန်

၂၅ ၊ သြဂုတ် ၊ ၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့က ဟင်္သာရင်ခွင် ကစားကွင်းရဲ့
တေးဂီတဖျော်ဖြေရေးအစီအစဉ်မှာ ပါဝင်ဖျော်ဖြေဖို့ ရောက်ရှိနေတဲ့
မြန်မာပြည်သိန်းတန်က ဟင်္သာတမြို့အပါအဝင် ဧရာဝတီတိုင်းတစ်ခုလုံးမှာ ရှိနေတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ် ။

Myanmar Idol Winner ဖြိုးမြတ်အောင်ကိုလည်း ဂီတလမ်းကြောင်းပေါ်မှာ လက်တွဲခေါ်သွားမှာ ဖြစ်တယ်လို့ ကတိပြုခဲ့ပါတယ် ။

မြန်မာပြည်သိန်းတန်က မနက်ဖြန် မွန်းလွဲ ၂ နာရီမှာ ဟင်္သာတမြို့ဟင်္သာရင်ခွင် ကစားကွင်းမှာ တေးဂီတတွေနဲ့ ဖျော်ဖြေကြမှာဖြစ်ပြီး ညနေပိုင်းမှာ ဟင်္သာတမြို့ရဲ့ paradiso ရုပ်ရှင်ရုံမှာ သူပါဝင် သရုပ်ဆောင်ထားတဲ့ အဆိုတော်တွေနေတဲ့ရွာ ရုပ်ရှင်ကားမိတ်ဆက်ပြသရာမှာ ပရိတ်သတ်တွေအတွက် အမှတ်တရ လက်မှတ်ရေးထိုးပေးသွားမှာ ဖြစ်ပါတယ် ။