၃ ၊ ဇူလိုင်လ ၊ ၂၀၂၁ ။
မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်နွယ်မှုရှိသူ ၂၂ ဦးကို အရေးယူဒဏ်ခတ်စာရင်းသွင်းလိုက်ပြီ
စစ်ကောင်စီအဖွဲ့ဝင် ၇ဦးဖြစ်ကြတဲ့ စောဒယ်နီရယ် ၊ ဗညားအောင်မိုး၊ ဒေါ်အေးနုစိန် ၊ ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင် ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု
နောက်ထပ် ၁၅ဦးကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှ အပါအဝင် ဒေါ်သန်းသန်းနွယ် (ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း ဇနီး) ၊ ဒေါ်သက်သက်အောင် ( ဗိုလ်ချုပ်မြထွန်းဦးဇနီး) ၊ ဒေါ်သန်းသန်းအေး (တင်အောင်စန်း ဇနီး) ၊ ဒေါ်အောင်မာမြင့် (ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဇနီး) ၊ ဒေါ်ခိုင်ပပချစ် (ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဇနီး) ၊ မိုးထက်ထက်ထွန်း (ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း သမီး) ၊ ခိုင် မိုးမြင့် (ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း သမီး) ၊ ရတနာမိုးမြင့် (ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း သမီး) ၊ ဒေါ်နီလာ (ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး ဇနီး)၊ သိမ့် သင်ဇာ (ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး သမီး)၊ ဒေါ်ဥမ္မာမြင့် (ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ဇနီး) ၊ ရွှေရည်ဖူးအောင် (ဗိုလ်ချုပ် အောင်လင်းဒွေး သမီး) ၊ လှိုင်ဘွားအောင် (ဗိုလ်ချုပ် အောင်လင်းဒွေး သား) နဲ့ ဖြိုးအာကာအောင် (ဗိုလ်ချုပ် အောင်လင်းဒွေး သား)တို့
“ဒီနေ့အရေးယူမှုက အမေရိကန်အနေနဲ့ မြန်မာစစ်တပ်အပေါ်ကန့်သတ်မှုတွေ ထပ်တိုးသွားမယ်ဆိုတာ ပြသဖို့နဲ့ စစ်တပ်နဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ ဘဏ္ဍာရေးရင်းမြစ်ကို ပစ်မှတ်ထားတာအပါအဝင် စစ်အာဏာသိမ်းလုပ်ရပ်နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ တရားခံတွေကို
တာဝန်ခံမှုရှိစေရေး လှုံ့ဆော်ဖို့ဖြစ်တယ်”လို့ OFAC ရဲ့ ဒါရိုက်တာ Andrea Gacki က ပြောပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ကို ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၃ခုကိုလည်း အမေရိကန်က ထပ်တိုး ပိတ်ဆို့မှု စာရင်းသွင်းခဲ့ပါသေးတယ်။
တရုတ်နိုင်ငံသားပိုင် Wanbao ဝမ်ပေါင် ကြေးနီသတ္တုတွင်းကုမ္ပဏီလီမိတက်