၂၃ ၊ ဇွန်လ ၊ ၂၀၂၁ ။
မြန်မာနိုင်ငံအရေးနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှရာနာ ဘာဂနာနဲ့ ဒီနေ့ ဇွန်လ ၂၃ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီအာရှာမန်းက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်ရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေအဆုံးသတ်ရေး၊ မြန်မာပြည်သူလူထုနဲ့သူတို့ရဲ့ဆန္ဒလိုလားမှုဖြစ်တဲ့ ဒီမိုကရေစီရရှိဖို့အားပေးကူညီရေး၊ အဓိကျကတဲ့လူသားချင်းစာနာမှုအကူအညီတွေရရှိရေးအတွက် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး အကျိုးရှိရှိဆွေးနွေးခဲ့ပါတယ်လို့ ဝင်ဒီ အာ ရှားမန်းက ပြောပါတယ်။
သူတို့နှစ်ဦးတွေ့ဆုံမှုကို အမေရိကန်သံရုံးဖေ့ဘုတ်စာမျက်နှာမှာလည်း ဖော်ပြခဲ့ပါတယ်။