အနောက်တောင်တိုင်းစစ်ဌာနချုပ်(ပုသိမ်)မှာ AA ၂၀ ဦး၊ PDF ၁၂ ဦး၊ ပေါင်း(၃၂)ဦး အလင်းဝင်တယ်ဆိုတဲ့ ဝါဒဖြန့် သတင်းအမှား
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်
(Factcheck/ DNA / The Red Flag/ MFCN)
☑️အနှစ်ချုပ်
အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)၊ ပုသိမ်မြို့မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်က PDF (၈)ဦး၊ AA (၂၀)ဦး၊ BPLA (၂)ဦး၊ ပကဖ (၁)ဦး၊ ယာဉ်မောင်း(၁)ဦး စုစုပေါင်း (၃၂)ဦးတို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်ဆိုပြီး စစ်အုပ်စုလော်ဘီတွေနဲ့ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွေကနေ ရေးသား ဖြန့်ဝေနေပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး DNA က အချက်အလက်စစ်ဆေးခဲ့ရာ လိမ်လည်ဝါဒ ဖြန့်ချိတဲ့ သတင်းမှားဖြစ်နေတယ်ဆိုတာကို စိစစ်တွေ့ ရှိရပါတယ်။
☑️ဖြန့်ဝေတဲ့အကြောင်းအရာ
“၂၉-၇-၂၀၂၆ ရက်နေ့ ယနေ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် AA ၂၀ ဦး ၊ PDF ၈ ဦး၊ BPLA ၂ ဦး၊ ပကဖ ၁ ဦး၊ ယာဉ်မောင်း ၁ ဦး စုစုပေါင်း ၃၂ ဦးသည် မောင်းပြန်သေနတ် ၁၃ လက်၊ ခဲယမ်းအများအပြား နှင့် အတူ တပ်မတော်ထံအလင်းဝင်..” လို့ရေးသားပြီး ဓါတ်ပုံ ၈ ပုံနဲ့အတူ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှာ စစ်အုပ်စုလော်ဘီ မှိုင်းဝေ တယ်လီဂရန်ချန်နယ်ကနေ စတင်ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
မှိုင်းဝေ- https://archive.ph/NnYZT
ဒီအကြောင်းအရာကို မှိုင်းဝေ တယ်လီဂရန်အကောင့်မှာ Reaction 648, View 20,260 နဲ့ Share 22 ဦး ရှိခဲ့ပြီး စိတ်ဝင်စားမှုများပြားကာ ပျံ့နှံ့နေခဲ့တာကို တွေ့ရပါတယ်။ ဒီသတင်းကို အခြားလော်ဘီ တယ်လီ ဂရန်ချန်နယ်တွေနဲ့ အခြားလူမှုကွန်ရက်တွေကနေ ထပ်မံရေးသားဖြန့်ဝေနေခဲ့တာကိုလည်း တွေ့ရပါတယ်။
တိုက်ပွဲသတင်းစုံ- https://archive.ph/2KA1b
K S News- https://archive.ph/ThG3v
Green Area’s FB- https://shorturl.at/Uexbv
နေမင်း၏သားတော် FB- https://shorturl.at/Bcjvv
“ဇူလိုင် ၂၉ ရက်မှာ ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ၄ ဦး၊ မင်းပြားမြို့နယ်မှ ၁ ဦး၊ သံတွဲမြို့နယ်မှ ၆ ဦး၊ ရမ်းဗြဲ မြို့နယ်မှ ၁ ဦး၊ မြေပုံမြို့နယ်မှ ၂ ဦး၊ တောင်ကုတ်မြို့နယ်မှ ၁ ဦး၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ၁ ဦး၊ လေးမျက်နှာမြို့နယ်မှ ၁ ဦး စုစုပေါင်း AA အဖွဲ့ဝင် အမျိုးသား ၂၀ ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်မှ ၂ ဦး၊ ပုသိမ်မြို့နယ်မှ ၂ ဦး၊ ဓနုဖြူမြို့နယ်မှ ၂ ဦး၊ လေးမျက်နှာမြို့နယ်မှ ၃ ဦး၊ အင်္ဂပူမြို့နယ်မှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ ၁ ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁ ဦး စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁ ဦးစုစုပေါင်း (၃၂)ဦး တို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာလို့ ကြိုဆိုပြီး မိဘအုပ်ထိန်းသူတွေထံ ပြန်လည် လွှဲပြောင်း အပ်နှံပွဲကို အနောက်တောင်တိုင်းစစ်ဌာနချုပ်ဧရာဝတီခန်းမ၌ ပြုလုပ်တယ်”လို့ စစ်အုပ်စုဝါဒဖြန့် စာမျက်နှာ တွေဖြစ်တဲ့ Myanmar Digital News,MOI တို့မှာ ရေးသားဖြန့်ဝေခဲ့တာကိုလည်း တွေ့ရပါတယ်။
Myanmar Digital News- https://archive.ph/f0NXI
အဲဒီပျံ့နှံ့နေတဲ့ သတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေးကြည့်တဲ့အခါ စစ်အုပ်စုရဲ့ စစ်တိုင်းအလိုက် အလှည့်ကျဝါဒဖြန့်အနေနဲ့ပြုလုပ်နေကြ ထုံးစံအတိုင်း တပ်တွင်း မိသားစုဝင်တွေ၊ ပြည်သူ့စစ်မှုထမ်းစုစည်းထားသူတွေကို အလင်းဝင်တွေဆိုပြီး စစ်မြေပြင်တွေ မှာ စစ်ရှုံးနေမှုကို ဖုံးကွယ်ကာ တပ်မိသားစုနဲ့တပ်ထောက်ခံသူတွေကို စိတ်ဓါတ်မကျဆင်းစေဖို့ လုပ်ကြံ ဖန်တီးဝါဒဖြန့်တဲ့ သတင်းမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
“ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ AA၊ PDF၊ ပကဖ၊ အဖွဲ့ဝင် ၃၂ ဦး လက်နက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်ဆိုတဲ့ပွဲ ပြုလုပ်ခဲ့ရာ အလင်းဝင်လာသူတွေဟာ တော်လှန်ရေးအဖွဲ့ အစည်းဝင်တွေမဟုတ်ဘဲ တပ်တွင်းမိသားစုဝင်တွေကို လူစားထိုးကာ လိမ်လည်ပြီး စစ်မြေပြင်မှာ အရှုံးနဲ့ ရင်ဆိုင်နေရချိန်တိုင်း ပြည်သူနဲ့တပ်တွင်းမိသားစုတွေကြား စိတ်ဓာတ်မကျဆင်းစေဖို့ လုပ်ကြံဖန်တီး၍ ဝါဒ ဖြန့်ချိခဲ့တာသာဖြစ်တယ်လို့ ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သတင်းအထူးတပ်ဖွဲ့၊ပုသိမ်နဲ့ Network Media Group တို့က ရေးသားထားပါတယ်။
ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- https://shorturl.at/b3vyk
သတင်းအထူးတပ်ဖွဲ့၊ ပုသိမ်- https://shorturl.at/xYafn
Network Media Group- https://shorturl.at/RjMei
အာရက္ခတပ်တော်မှ တပ်သား ၂၀ ဦးအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက အဖွဲ့ဝင် ၃၂ ဦးတို့ ဇူလိုင် ၂၉ ရက်မှာ လက်နက်ချအလင်းဝင်ခဲ့တယ်လို့ စစ်အုပ်စုထုတ်ပြန်ချက်ကို ULA/AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က “အထက်ပါ သတင်းမှာ လုံးဝ သတင်းအမှားဖြစ်တယ်၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ အကြမ်းဖက် စစ်အုပ်စုထံမှာ လက်နက်ချခဲ့တဲ့ ဖြစ်စဥ်မျိုး လုံးဝမရှိပါ၊ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ အခုလိုမျိုး အရှက်မရှိ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်လာတာ အကြိမ်ကြိမ် ရှိနေပါပြီ။ အကြမ်းဖက်စစ်တပ်ထဲမှာ ယခင် ကတည်းက ရှိနေတဲ့ ရခိုင်လူမျိုးတပ်ဖွဲ့ဝင်တွေကို အသုံးချကာ လုပ်ကြံဝါဒဖြန့်တာလည်း ဖြစ်နိုင်တယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒါအပြင် “လက်ရှိ မြေပြင်အခြေအနေမှာ ပြောင်းပြန်ဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်အားလုံး အုံလိုက်ကျင်းလိုက် ထွက်ပြေးလာကာ အာရက္ခတပ်တော်ထံ လက်နက်ချ၊ အလင်းဝင်နေ တယ်ဆိုပြီး ဦးခိုင်သုခ က ပြောကြားခဲ့တယ်လို့ Western News, Narinjara, PVTV, Today Arakan News နဲ့ DNA တို့ကနေ ရေးသားထားတာကို တွေ့ရပါတယ်။
Western News – https://h1.nu/1v4uQ
Narinjara- https://shorturl.at/EzSL4
DNA- https://shorturl.at/SZKUF
PVTV – https://shorturl.at/FJP0U
Today Arakan News – https://shorturl.at/GFLBZ
ရခိုင်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းအတွင်းက တိုက်ပွဲတွေမှာ အာရက္ခတပ်တော် AA နဲ့ဧရာဝတီ PDF တွေ ရဲ့ ထိုးစစ်ကြောင့် ပင်မစခန်းကြီး ၃ ခုအပြင် ကာကင်းစခန်းတွေကိုပါ လက်လွှတ်ထားရတဲ့အထိ စစ်တပ် အထိနာနေလို့ စစ်တပ်ထောက်ခံသူတွေနဲ့ တပ်တွင်းစိတ်ဓာတ်မြှင့်တင်နိုင်ရေးအတွက် AA အဖွဲ့ဝင် ၂၀ ဦးနဲ့ PDF အမည်ခံအဖွဲ့ဝင် ၁၂ ဦးတို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်ဆိုပြီး လိမ်လည်ဝါဒ ဖြန့်ခဲ့တာလို့ Ayeyarwaddy Times, DVB နဲ့ Arakha Times သတင်းဌာနတွေက ရေးသားထားတာကို တွေ့ရပါတယ်။
Ayeyarwaddy Times- https://shorturl.at/FKd07
DVB- https://h1.nu/1AHmX
Arakha Times- https://h1.nu/1v4Jv
☑️သုံးသပ်ချက်
စစ်အုပ်စုထုတ်ပြန်ရေးသားချက်မှာ AA အဖွဲ့ဝင်က ရခိုင်ပြည်နယ်မှ ၁၅ ဦး၊ ချင်း၊ ပလက်ဝမှ ၃ ဦး၊ ဧရာဝတီ မှ ၂ ဦး၊ စုစုပေါင်း ၂၀ ဦးနဲ့ PDF အဖွဲ့ဝင်က ဧရာဝတီမှ PDF ၁၀ ဦး၊ ရန်ကုန်မှ ၂ ဉီး စုစုပေါင်း PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ၁၂ ဦးလို့ရေးသားခဲ့ပေမဲ့ BPLA ၂ ဦးအကြောင်းမရေးသားထားတာနဲ့ စစ်တပ်လော်ဘီလူမှုကွန်ရက်တွေမှာတော့ AA ၂၀ ဦး ၊ PDF ၈ ဦး၊ BPLA ၂ ဦး၊ ပကဖ ၁ ဦး၊ ယာဉ်မောင်း ၁ ဦး စုစုပေါင်း ၃၂ ဦးလို့ရေးသားခဲ့ကာ အမျိုးသမီး ၁ ဦးကိုဖော်ပြရေးသားထားမှုမရှိတာစတဲ့ ကွဲလွဲရေး သားချက်တွေကို တွေ့ရှိရပါတယ်။
စစ်အုပ်စုက စစ်တိုင်းအလိုက် အလှည့်ကျ အလင်းဝင်ပွဲအတုတွေကို ပြုလုပ်နေတာဖြစ်ပြီး ၂၀၂၆ ဇူလိုင် ၂၉ မှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်မှာ ပြုလုပ်ခဲ့ပြီးနောက် ဩဂုတ် ၁ ရက်မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေးမှာ အလင်းဝင်ပွဲအတုပြုလုပ်ပြီး (၃၀၃) ဦးအလင်းဝင်တယ်လို့ လိမ်လည်ထုတ်ပြန် ခဲ့တာကိုတွေ့ရပြီး အခြားစစ်တိုင်းများမှာလည်းအလင်းဝင်ပွဲအတုတွေပြုလုပ်လာမှာကို သုံးသပ်နိုင်ပါတယ်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်(ပုသိမ်)မှာ PDF အမျိုးသား ၈ ဦး၊ AA အမျိုးသား ၁၀ ဦး၊ ပေါင်း ၁၈ ဦး အလင်းဝင်တယ်ဆိုတာဟာ စစ်ကော်မရှင်ရဲ့ လိမ်လည်ဝါဒဖြန့် သတင်းမှား ဖြစ်တယ်လို့ MFCN ကနေ စစ်ဆေးရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။
MFCN – https://shorturl.at/Nce3Z
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြလို့ အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dna fact check@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေအချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork