
အခြားလူတွေရဲ့ပုံရိပ်တွေကို လုပ်ကြံဖန်တီးထားတဲ့ ခံစားချက်အမူအရာတွေ ပေါ်လွင်စေဖို့အတွက် AI deepfake နည်းပညာသုံးပြီး ပြုပြင်တဲ့နေရာမှာ သတိထားကြဖို့ ထိုင်းသတင်းတုတိုက်ဖျက်ရေးစင်တာက သတိပေးထားပါတယ်။
၁၆၊ ဇွန်။
လူတွေရဲ့ပုံတွေကို ပြောင်းလဲဖို့အတွက် AI deepfake နည်းပညာကို
အသုံးပြုပြီး လုပ်ကြံဖန်တီးတာတွေဟာ ထိုင်းဥပဒေအရ ပြစ်မှုမြောက်နိုင်တယ်လို့ ထိုင်းနိုင်ငံရဲ့သတင်းတုတိုက်ဖျက်ရေးစင်တာက သတိပေးလိုက်ပါတယ်။
ကွန်ပျူတာဆိုင်ရာ ပြစ်မှုဥပဒေအရ အရှက်ရစေမယ့် ပြုပြင်ထားတဲ့ပုံတွေကို ဖန်တီးတာနဲ့ ဖြန့်ဝေတာတွေလုပ်ရင် ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ဘတ် နှစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
ကွန်ပျူတာစနစ်ထဲကို မမှန်မကန်ဖြစ်စေတဲ့အချက်အလက် ဒါမှမဟုတ် သတင်းအမှားတွေကိုထည့်သွင်းတာဟာလည်း အဆိုပါ ဥပဒေအရပဲ ပြစ်မှုမြောက်ပြီး ထောင်ဒဏ် ငါးနှစ်အထိဖြစ်စေ၊ဘတ် တသိန်းအထိ ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။
တဦးတစ်ယောက်ကို အသရေဖျက်ဖို့နဲ့ ဂုဏ်သိက္ခာကျဆင်းစေဖို့အတွက် ရုပ်သံ၊ အသံ၊ ပုံရိပ်တွေကို AI deepfake အသုံးပြု ဖန်တီးမယ်ဆိုရင်တော့ ရာဇသတ်ကြီးဥပဒေကို ချိုးဖောက်ရာရောက်ပြီး ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ဘတ် နှစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ အရေးယူခံရမှာပါ။
အခြားလူတွေရဲ့ပုံရိပ်တွေကို လုပ်ကြံဖန်တီးထားတဲ့ ခံစားချက်အမူအရာတွေ ပေါ်လွင်စေဖို့အတွက် AI deepfake နည်းပညာသုံးပြီး ပြုပြင်တဲ့နေရာမှာ သတိထားကြဖို့ ထိုင်းသတင်းတုတိုက်ဖျက်ရေးစင်တာက သတိပေးထားပါတယ်။
ကွန်ပျူတာဆိုင်ရာ ပြစ်မှု ဥပဒေမှာ မမှန်မကန်ဖြစ်စေတဲ့ ဒါမှမဟုတ် သတင်းအမှားဖြစ်တဲ့ကွန်ပျူတာအချက်အလက်တွေကို တစိတ်တပိုင်းဖြစ်စေ၊ တခုလုံးဖြစ်စေ ကွန်ပျူတာစနစ်ထဲထည့်သွင်းတဲ့ဖြစ်စဉ်မျိုးမှာ ကွန်ပျူတာဆိုင်ရာ ပြစ်မှုခင်းဥပဒေအရ ပြစ်မှုမြောက်ပြီးထောင်ဒဏ် ငါးနှစ်အထိ ဖြစ်စေ၊ ဘတ် တသိန်းအထိ ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။
ဒါ့အပြင် တခြားသူရဲ့ပုံကို အီလက်ထရွန်နစ်နည်းလမ်းနဲ့ ပြုပြင်မွမ်းမံတာ ဒါမှမဟုတ် ပြောင်းလဲတာမျိုးလုပ်ပြီး လူအများမြင်အောင် ဖြန့်ဝေလို့ အရှက်ရစေခဲ့မယ်ဆိုရင် အဆိုပါ ဥပဒေအရပဲပြစ်မှုမြောက်မှာဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်အထိ ဖြစ်စေ၊ ဘတ် နှစ်သိန်းအထိ ငွေဒဏ်ဖြစ်စေအပြစ်ပေးခံရနိုင်ပါတယ်။
တကယ်လို့ deepfake ပြုလုပ်သူက အခြားသူတဦးကို အသရေဖျက်ဖို့၊ ဂုဏ်သိက္ခာ ထိခိုက်စေဖို့ ဒါမှမဟုတ် အများက အထင်သေးတာနဲ့ မုန်းတီးတာတွေဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ပြုပြင်ထားတဲ့ပုံတွေ၊ လုပ်ကြံဖန်တီးထားတဲ့ အသံတွေကို လူထုကြားထဲ ဖြန့်ဝေခဲ့မယ်ဆိုရင် အဆိုပါ လုပ်ရပ်ဟာရာဇသတ်ကြီးဥပဒေအရ အသရေဖျက်မှုမြောက်ပါတယ်။ ဒီအတွက် ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ဘတ် နှစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
Ref – The Nation