
ဦးကျော်စိုးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဟင်္သာတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)မဲ ဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးဖြစ်ပါတယ်။
၂၁၊ ဇန်နဝါရီ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဧရာ၀တီတိုင်း ဟင်္သာတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဟောင်းဖြစ်တဲ့ ဦးကျော်စိုးဟာ မနေ့က ဇန်နဝါရီ ၂၀ ရက် ညနေလေးနာရီ ဝန်းကျင်မှာ ဟင်္သာတမြို့ရှိ နေအိမ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါ တယ်။
အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးကျော်စိုးဟာ နှလုံးရောဂါအခံရှိပြီး အဲဒီရောဂါအခံကြောင့် သေဆုံးသွားခဲ့ တာဖြစ်ကာ မနက်ဖြန် ဇန်နဝါရီ ၂၂ ရက်မှာ သင်္ဂြိုလ်မယ်လို့ ဆိုပါတယ်။ “အရင်ကတည်းက နှလုံးရောဂါအခံရှိ ပါတယ် ။နေအိမ်မှာ ဆုံးတာပါ၊ မနက်ဖြန် သဂြိုလ်ပါမယ်” လို့ ဟင်္သာတမြို့ခံတဦးက ပြောပါတယ်။
ဦးကျော်စိုးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဟင်္သာတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)မဲ ဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးဖြစ်ပါတယ်။
သူဟာ ဧရာ၀တီတိုင်းလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ၊ သာသနာရေး၊ စည်ပင်သာယာ ရေးနဲ့ ပြည်သူ့ဆက်ဆံရေးကော်မတီတို့မှာ ပါဝင်ခဲ့ပါတယ်။
“သူက လူကောင်းလူအေးတယောက်ပါ” လို့ ဟင်္သာတမြို့နယ်မှ NLD ပါတီဝင် လုပ်ဖော်ကိုင်ဖက်တဦးက ပြောပါ တယ်။ ဦးကျော်စိုးဟာ NLD ပါတီ ဟင်္သာတမြို့နယ် အလုပ်အမှုဆောင်အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့ ပါတယ်။