
“ပြည်ခိုင်ဖြိုးက ငွေအားလည်း သုံးနိုင်တယ်၊ အာဏာလည်း သုံးနိုင်တယ်ဆိုတော့ သူတို့ အနိုင်ရတာပေါ့။ ဝန်ကြီး ချုပ်ဆိုလည်း ပြည်သူ့ပိုက်ဆံတွေနဲ့ မဲဆွယ်တာလေ။ အဲဒါကို တရားမျှတမှု ရှိတယ်လို့တော့ ပြောလို့မရဘူး”
၁၅၊ ဇန်နဝါရီ။
ဧရာ၀တီတိုင်း ရေကြည်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းဟာ အခု ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်းမှာပဲ သူရဲ့မဲဆန္ဒနယ်မြေ ရေကြည်မြို့နယ်သို့ လေးကြိမ်တိုင် ကွင်းဆင်း သွားရောက်ခဲ့ပြီး မဲပေးကြဖို့ ဖိအားပေး၊ စည်းရုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဦးတင်မောင်ဝင်းဟာ ဝန်ကြီးချုပ်တယောက်အနေနဲ့ အစိုးရဘက်ဂျက်ငွေကိုသုံး၊ ခရီးစဉ်ကွင်းဆင်းတာဖြစ်ပြီး ဒေ သခံပြည်သူတွေ၊ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံကာ ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးကြဖို့လည်း စည်းရုံးခဲ့ တာဖြစ် တယ်လို့ ဆိုပါတယ်။
“အစိုးရစရိတ်နဲ့ မဲလာဆွယ်တာပေ့ါ၊ တခြားမြို့နယ်တွေကို ဒီလိုမှ မသွားတာ။ မဲပေးဖို့တွေရော ပြောတယ်၊ တောင် သူတွေကိုလည်း ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ပေ့ါဗျာ” လို့ ရေကြည်မြို့နယ် ငသိုင်းချောင်းဒေ သခံအမျိုး သားတဦးက ပြောပါတယ်။
ဦးတင်မောင်ဝင်းဟာ ရေကြည်မြို့နယ်အတွင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်၊ ၆ ရက်၊ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ သွားခဲ့တာပါ။ ဇန်နဝါရီ ၅ ရက်နေ့မှာ ငသိုင်းချောင်းမြို့နယ် မအူကုန်ကျေးရွာအုပ်စု၊ စံပြရွာသို့ သွားကာ ဝါးလက်မှု ထည်သင်တန်းမှ လုပ်ငန်းထူထောင်မယ့်သူတွေကို လိုအပ်တဲ့ စက်ပစ္စည်းတွေ ပေးအပ်ခဲ့ကာ ဒေသခံ တွေနဲ့လည်း တွေ့ခဲ့ပါတယ်။
နောက်တရက် ဇန်နဝါရီ ၆ ရက်နေ့မှလည်း ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာသို့ သွားပြီး အထူးဇုန်စံပြစိုက် ခင်းရိတ်သိမ်းပွဲအခမ်းအနား တက်၊ ကွမ်းသီးချောင်းရွာဆီ ဆက်သွား၊ နေကြာခင်းတွေ သွားကြည့်ကာ တောင်သူ တွေနဲ့ တွေ့ခဲ့ပါတယ်။
ဒါ့အပြင် ၁၂ ရက်နေ့မှာ ရေကြည်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ကာ ရွေးကောက်ပွဲမှာ ပြည်သူတိုင်း မဲပေးနိုင်ရေး ကူညီပေးဖို့နဲ့ မဲရုံလုံခြုံရေးကို အလေးထားဆောင်ရွက်ဖို့လိုကြောင်း ပြောခဲ့ပါတယ်။
ဇန်နဝါရီ ၁၃ ရက်နေ့မှာလည်း ရေကြည်မြို့နယ်ကိုပဲ ထပ်သွားပြီး စစ်ဘေးရှောင်တွေ၊ ဒေသခံပြည်သူတွေနဲ့ တွေ့ ကာ ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးကြဖို့လိုကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“စစ်ရှောင်တွေနဲ့ တွေ့တိုင်း အတင်းမဲပေးခိုင်းတာပါ၊ သူတို့ထောက်ပံ့ပေးထားတယ်၊ မဲပေးကြပါပေ့ါ၊ အရင်ခရီး စဉ် တွေမှာလည်း တင်မောင်ဝင်းက မဲပေးဖို့ ခြိမ်းခြောက်သလိုလိုနဲ့ ပြောဖူးတယ်” လို့ ရေကြည်ဒေသခံသတင်း ရင်းမြစ်တဦးက ပြောပါတယ်။
လက်ရှိ စစ်ကော်မရှင်ရဲ့တိုင်းဝန်ကြီးချုပ်လုပ်နေတဲ့ ဦးတင်မောင်ဝင်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါ တီကိုယ်စားပြုကာ ရေကြည်မြို့နယ် တိုင်းလွှတ်တော်နေရာအတွက် ဝင်ပြိုင်မှာဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၂၅ ရက် နေ့ကျရင် ရွေးကောက်ပွဲကျင်းပတော့မှာပါ။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို အသုတ်သုံးသုတ်ခွဲကျင်းပနေပြီး ပထမအသုတ်ကို ဒီဇင်ဘာ ၂၈ ရက်၊ ဒုတိယ အသုတ်ကို ဇန်နဝါရီ ၁၁ ရက်နေ့တို့မှာ ကျင်းပခဲ့ကာ အဲဒီရွေးကောက်ပွဲနှစ်သုတ်လုံးမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေကပဲ နေရာအားလုံးနီးပါး အနိုင်ရခဲ့တာတွေ့ရပါတယ်။
“ပြည်ခိုင်ဖြိုးက ငွေအားလည်း သုံးနိုင်တယ်၊ အာဏာလည်း သုံးနိုင်တယ်ဆိုတော့ သူတို့ အနိုင်ရတာပေါ့။ ဝန်ကြီး ချုပ်ဆိုလည်း ပြည်သူ့ပိုက်ဆံတွေနဲ့ မဲဆွယ်တာလေ။ အဲဒါကို တရားမျှတမှု ရှိတယ်လို့တော့ ပြောလို့မရဘူး” လို့ ပြည်သူ့ပါတီရဲ့ ပါတီဝင်တဦးက ဝေဖန်ပါတယ်။
လာမယ့် တတိအသုတ်ရွေးကောက်ပွဲကိုတော့ မြို့နယ်ပေါင်း ၆၃ မြို့နယ်အတွင်း ကျင်းပမယ်လို့ ဆိုထားကာ ဧရာ၀တီတိုင်းအတွင်းမှ ငပုတော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲ၊ အင်္ဂပူတို့နဲ့ လက်ရှိတိုက်ပွဲ ဖြစ်ပွားနေတဲ့ လေးမျက်နှာ၊ ရေကြည်မြို့နယ်တို့ပါဝင်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ် လို့ ဆိုထားပါတယ်။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက် ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။