Deepfake လို့ခေါ်တဲ့ ဒီနည်းပညာက လူတယောက် ရဲ့ မျက်နှာ၊ အမူအရာနဲ့ အသံတွေကိုပါ အခြားလူတစ်ယောက်ဆီမှာ အစားထိုးနိုင်ပါတယ်။

မျက်တောင်ခတ်တာကအစ သဘာဝကျလွန်းလို့ ခွဲခြားရ ခက်ပါတယ်။

Deepfake ကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ရုပ်ရှင် ၊ဖျော်ဖြေရေးကဏ္ဍတွေမှာ သုံးကြပေမယ့် သတင်း တု ၊ သတင်းမှားတွေအတွက်တော့ အန္တရာယ်ကြီးပါတယ်။

အထူးသဖြင့် ထင်ပေါ်ကျော်ကြားသူတွေ မပြောတဲ့စကားကို ပြောသယောင်ဖန်တီးပြီး လူတွေအကြား အထင်အမြင်လွဲမှားမှုတွေနဲ့ ပဋိပက္ခတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အွန်လိုင်းပေါ်မှာ ဗီဒီယိုတစ်ခုကိုတွေ့ရင် မျက်စိစုံမှိတ်မယုံလိုက်ပါနဲ့။

တခြားသူတွေကို ပြန်မမျှဝေခင်မှာ သတင်းရင်းမြစ် ခိုင်မာမှုကို အမြဲတမ်း စဉ်းစားချင့်ချိန်ဖို့ လိုပါတယ်။

နည်းပညာကို သတိနဲ့ယှဉ်ပြီး သတင်းမှားအန္တရာယ် ကို ရှောင်ရှားကြပါစို့။

#FakeNews #AIandNews
#DigitalLiteracy #MediaLiteracy
#FactCheck #NewsVerification
#AIinMedia