
“ ဒီနှစ်က မိုးစောင့်ရင်းနဲ့ ပဲကြဲနောက်ကျသူတွေများတယ်။ တချို့လည်း မိုးဖျက်လို့ ပြန်စိုက်ရတာတွေနဲ့ ဆိုတော့ အစောဆုံးပေါ်နိုင်ရင် ၂ လ(ဖေဖော်ဝါရီ)ပိုင်းပေါ့။ ခုဈေးလေးတက်လာတော့ ဝမ်းသာရပေမယ့် ပဲပေါ်ချိန်မှ ပြန်ကျသွားမှာလည်း စိုးရသေးတယ် ”
၅၊ ဒီဇင်ဘာလ။
နှစ်သစ်ကူးကာလက ဈေးကွက်အေးနေတဲ့ မတ်ပဲ ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာတော့ ပိဿ ၆၀ (၃ တင်းတန်းကျင်)ကို ငွေကျပ် ၂၆၉၀၀၀ ဖြစ်လာတာကြောင့် ၁ တင်းကို ငွေကျပ် ၈၉၀၀၀ ဈေးထိ တက်လာပါတယ်။
မတ်ပဲဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်ကစလို့ ငွေကျပ် ၈၇၀၀၀ ဝန်းကျင်မှာ ရှိနေခဲ့ပြီး ၂၀၂၆ ခုနှစ် နှစ်စပိုင်းမှာတော့ ဈေးပြန်လှုပ်ခဲ့တာဖြစ်ပါတယ်။
“ ဈေးကတော့ လှုပ်လာတယ်။ အရောင်းအဝယ်ကတော့ အေးနေတုန်းပဲ။ ကျွန်တော်လည်း လှောင်ထားတဲ့ ပဲတွေထုတ်ဖို့ ဈေးစောင့်နေတာ။ ဈေးအရမ်းတက်လာလို့ ပြိုင်ထုတ်ကြရင် ဈေးပြန်ကျသွားနိုင်တယ်။ ဒါကိုလည်း သတိထားနေရတယ် ” လို့ မြောင်းမြမြို့က စပါး၊ပဲ ကုန်သည်တဦးက ပြောပါတယ်။
မတ်ပဲဈေးကွက်နဲ့ ပတ်သက်လို့ လက်ရှိမှာ အိန္ဒိယနိုင်ငံကို တင်ပို့ဖို့ကိုသာ အားကိုးနေရတာကြောင့် ဓာတုဓာတ်ကြွင်း ကိစ္စကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ဈေးဆက်တက်လာနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
အိန္ဒိယပဲလုပ်ငန်းအသင်း IPGA ကလည်း ပဲဈေးကွက် ဆက်တိုက်မာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဧရာဝတီတိုင်းမှာတော့ လယ်သမားအများစုအတွက် ပဲပေါ်ချိန် မဟုတ်သေးပေမယ့် ပဲဈေးကွက် တက်ရိပ်နဲ့ လှုပ်လာတယ်ဆိုတာဟာ မျှော်လင့်စရာ တခုဖြစ်လာနေတာပါ။
“ ဒီနှစ်က မိုးစောင့်ရင်းနဲ့ ပဲကြဲနောက်ကျသူတွေများတယ်။ တချို့လည်း မိုးဖျက်လို့ ပြန်စိုက်ရတာတွေနဲ့ ဆိုတော့ အစောဆုံးပေါ်နိုင်ရင် ၂ လ(ဖေဖော်ဝါရီ)ပိုင်းပေါ့။ ခုဈေးလေးတက်လာတော့ ဝမ်းသာရပေမယ့် ပဲပေါ်ချိန်မှ ပြန်ကျသွားမှာလည်း စိုးရသေးတယ် ” လို့ ဇလွန်မြို့နယ်မှာ နေထိုင်တဲ့ လယ်သမား ဦးတိုးက ပြောပါတယ်။
ဒီနှစ် စိုက်ပျိုးစရိတ်တွေအရ မတ်ပဲဈေးကို ငွေကျပ် ၁ သိန်းဝန်းကျင်ထိ ရဖို့မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။
အခု ဖော်ပြထားတဲ့ ဈေးနူန်းတွေဟာ ရန်ကုန်ပေါက်ဈေးတွေဖြစ်ပြီး နယ်ပေါက်ဈေးမှာတော့ ပုံမှန်အားဖြင့် ငွေကျပ် ၂၀၀၀ ဝန်းကျင် ဈေးကွာဟမှုရှိသလို ဧရာဝတီတိုင်းကထွက်တဲ့ မတ်ပဲနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းကထွက်တဲ့ မတ်ပဲ ဈေးကွက်မှာလည်း အနည်းငယ်ကွာဟချက်ရှိပါတယ်။