
၁၇ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။



Unicode
ဧရာဝတီတိုင်းမှာ ဒီလကုန်က စတင်ပြီး မြို့ဝင်ကြေးဘီးခွန်ကောက်ခံတဲ့ စနစ်ပြောင်းလဲ ကျင့်သုံးမယ်

၁၇ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းမြို့တွေရဲ့ မြို့ဝင်ကြေးဘီးခွန် ကောက်ခံနေမှုတွေကို ရပ်ဆိုင်းလိုက်တော့မှာ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီလို မြို့အဝင်တွေမှာ ဘီးခွန်ကောက်ခံတဲ့ စနစ်အစား ကညန နှင့်ပူးပေါင်းပြီး ဘီးခွန် ကောက်ခံတဲ့ စနစ်ကို ပြောင်းလဲကျင့်သုံးသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ် ။