
“သူမမှာ ကျန်းမာရေးပြဿနာတွေ ရှိနေတယ် နှစ်နှစ်ကျော်အတွင်း ဘယ်သူမှ သူ့ကို မတွေ့ဖူးကြဘူး။ မိသားစုနဲ့ ထိတွေ့ခွင့်ရဖို့ဆိုတာ ပိုဝေးတယ် ၊ သူမရဲ့ ဥပဒေအဖွဲ့နဲ့တောင် ဆက်သွယ်ခွင့်မရဘူး။” လို့ ကင်မ်က တိုကျိုမြို့မှာ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
၁၅ ၊ ဒီဇင်ဘာလ
စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်ပြီး ဘာသတင်းအချက်အလက်မှ မရတာကြောင့် သူမ ကွယ်လွန်သွားရင်တောင် သိနိုင်မှာ မဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်က သူ့ရဲ့ စိုးရိမ်မှုကို ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ကင်မ်အဲရစ်က အသက် ၈၀ အရွယ် မိခင်ဆီကနေ နှစ်နဲ့ချီ အဆက်အသွယ်ပြတ်နေတဲ့အပြင် နှလုံး၊ အရိုးနဲ့ သွားဖုံးဝေဒနာခံစားနေရတယ်ဆိုတာကို တဆင့်စကားနဲ့သာ ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။
“သူမမှာ ကျန်းမာရေးပြဿနာတွေ ရှိနေတယ် နှစ်နှစ်ကျော်အတွင်း ဘယ်သူမှ သူ့ကို မတွေ့ဖူးကြဘူး။ မိသားစုနဲ့ ထိတွေ့ခွင့်ရဖို့ဆိုတာ ပိုဝေးတယ် ၊ သူမရဲ့ ဥပဒေအဖွဲ့နဲ့တောင် ဆက်သွယ်ခွင့်မရဘူး။” လို့ ကင်မ်က တိုကျိုမြို့မှာ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
“ကျွန်တော်သိသလောက်တော့ သူမ ဆုံးပါးသွားတာလည်း ဖြစ်နိုင်တယ်”
“မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကျွန်တော့်အမေနဲ့ ပတ်သတ်ပြီး သူ့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေ ရှိမယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် ဒါမှမဟုတ် သို့မဟုတ် ရွေးကောက်ပွဲအပြီး သူမကို ပြန်လွှတ်ပေးတာ ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်ပြောင်းတာ လုပ်ပြီး ပြည်သူကို ကျေနပ်အောင် အနည်းဆုံးတော့ ဒါဟာ တစ်ခုခုတော့ ဖြစ်လာနိုင်ပါတယ်” လို့ ကင်မ်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး မြန်မာစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပေးဖို့ ဖုန်းခေါ်ဆိုခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
Ref – Reuters