AI နဲ့ အတုအယောင်သတင်းများ

အင်တာနက်ပေါ်မှာ သင်နေ့တိုင်းမြင်တွေ့နေရတဲ့အရာတွေက တကယ်ရော အစစ်အမှန်တွေဟုတ်ရဲ့လား ?

အခုခေတ်မှာ AI နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ သတင်းတု၊ သတင်းမှားတွေ ဖန်တီးရတာဟာ အရမ်းကို လွယ်ကူလာပါပြီ။

ဒီလို Video အတုတွေဟာ လူတွေကို အထင်အမြင်လွဲမှားစေပြီး မလိုလားအပ်တဲ့ ပဋိပက္ခတွေနဲ့ အမုန်းတရားတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

ဥပမာ အစစ်အတိုင်းထင်ရအောင် ဖန်တီးထားတဲ့ AI ပုံတွေ၊

လူတစ်ယောက် ပြောမထားတဲ့စကားကို ပြောသလိုလုပ်တဲ့ Deepfake Videos တွေနဲ့

လိမ်လည်ဖို့ ဆက်သွယ်လာတတ်တဲ့ Deepfake အသံဖိုင်တွေပဲဖြစ်ပါတယ်။

အွန်လိုင်းမှာ တစ်ခုခုကို တွေ့ပြီး မယုံလိုက်ခင်၊ သူများတွေကို ပြန်မမျှဝေခင်မှာ သေချာစဉ်းစားချင့်ချိန်ဖို့ လိုပါတယ်။

နည်းပညာကို အကျိုးရှိရှိအသုံးပြုပြီး သတင်းမှားတွေကို ရှောင်ရှားကြရအောင်ပါ။