
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ဒေသငါးခုကို ထိခိုက်ခဲ့ပြီး အနည်းဆုံး လူငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး အီဟော ကလီမန်ကိုက ဆိုပါတယ်။
၁၄၊ ဒီဇင်ဘာ။
ရုရှားရဲ့ ညပိုင်းလေကြောင်းတိုက်ခိုက်မှုတွေဟာ ယူကရိန်းရဲ့ စွမ်းအင်နဲ့ စက်မှုဇုန် အခြေခံအဆောက်အအုံ များစွာကို ထိမှန်ပျက်စီးစေခဲ့ပါတယ်။
လက်ရှိ ယူကရိန်းမှာ အိမ်ထောင်စုတသန်းကျော် လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ဒေသငါးခုကို ထိခိုက်ခဲ့ပြီး အနည်းဆုံး လူငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး အီဟော ကလီမန်ကိုက ဆိုပါတယ်။
လက်တလောမှာတော့ မီးငြှိမ်းသတ်ဖို့နဲ့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ပွဲကာလတလျှောက် ယူကရိန်း စွမ်းအင်အခြေခံအဆောက်အအုံတွေကို ရုရှားက အမြဲဆိုသလို တိုက်ခိုက်လေ့ရှိပြီး ဆောင်းရာသီ ရောက်ရှိလာချိန်မှာ မော်စကိုက တိုက်ခိုက်မှုတွေကို အရှိန်မြှင့် တင်လာခဲ့တာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံခြားရေးရာ အထူးကိုယ်စားလှယ်ဟာ စစ်ပွဲအဆုံးသတ်ရေး ထပ်မံဆွေးနွေးဖို့အတွက် ယူကရိန်းသမ္မတ ဇလန်းစကီးအပြင် ဥရောပခေါင်းဆောင်တွေကို တွေ့ဆုံဖို့ စီစဉ်ထားတာပါ။
ရုရှားဟာ တိုက်ခိုက်မှုတွေကို ဒရုန်းအစင်းရေ ၄၅၀ ကျော်နဲ့ ဒုံးကျည် ၃၀ ကို အသုံးပြုခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကတော့ ယူကရိန်းရဲ့ ဇာပိုရစ်ဇ်ဇီယာ နျူကလီးယားစွမ်းအင်စက်ရုံမှာ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထရမ့် အစိုးရအဖွဲ့ဟာ ခရစ္စမတ်အမီ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ရရှိဖို့ တွန်းအားပေးနေပြီး မကြာသေးမီ သီတင်းပတ်တွေက ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေအကြား ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တိုးတက်မှုရရှိစေမယ့် ထူးခြားတဲ့ အရိပ်အယောင်တော့ မတွေ့သေးပါဘူး။
အခုသီတင်းပတ်အကုန်မှာ လုပ်မယ့် ဘာလင်ဆွေးနွေးပွဲကို ဥရောပခေါင်းဆောင်တွေထဲက ဘယ်သူ၊ ဘယ်ဝါ တက်ရောက်မလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
Ref – BBC