
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ထုတ်လွှင့်ပြသခဲ့တဲ့ CBS ရဲ့ 60 Minutes အစီအစဉ်နဲ့ အင်တာဗျူးမှာ ထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရှီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း ထိုင်ဝမ်အကြောင်း လုံးဝမပါခဲ့သလို ရှီ ဟာလည်း ထိုင်ဝမ်အကြောင်း မပြောခဲ့ဘူးလို့ ဆိုပါတယ်။
၃၊ နိုဝင်ဘာလ။
တောင်ကိုရီးယားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံအပြီး အမေရိကန်နဲ့တရုတ်အကြား ကုန်သွယ်ရေး ပဋိပက္ခ ယာယီရပ်တဲ့ ကြေညာချက်ထွက်လာပြီး ရက်အနည်းငယ်အကြာမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်အနေနဲ့ ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူဆောင်ရွက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတဲ့ အကျိုးဆက်တွေကို သိထားပြီးသားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ထုတ်လွှင့်ပြသခဲ့တဲ့ CBS ရဲ့ 60 Minutes အစီအစဉ်နဲ့ အင်တာဗျူးမှာ ထရမ့်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရှီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွင်း ထိုင်ဝမ်အကြောင်း လုံးဝမပါခဲ့သလို ရှီ ဟာလည်း ထိုင်ဝမ်အကြောင်း မပြောခဲ့ဘူးလို့ ဆိုပါတယ်။
“ဒါပေမဲ့ ဘာဖြစ်လာမယ်ဆိုတာ သူတို့နားလည်တယ်။ သူက ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီး သူ့လူတွေကလည်း အစည်းအဝေးတွေမှာ ပွင့်ပွင့်လင်းလင်းပြောခဲ့တာက သမ္မတထရမ့် ရှိနေစဉ်မှာ သူတို့ ဘာမှလုပ်မှာမဟုတ်ဘူး ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို သိကြတယ်လေ”လို့ ထရမ့်က ဆက်ပြောပါတယ်။
တရုတ်က စစ်ရေးအရ တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်တပ်တွေကို ထိုင်ဝမ်ကို ကာကွယ်ဖို့ အမိန့်ပေးမှာလားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က အသေးစိတ်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
ထိုင်ဝမ်ကိစ္စဟာ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အထိရှအလွယ်ဆုံး ပြဿနာတစ်ခု ဖြစ်ပါတယ်။ တရားဝင်အားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဟာ အားကောင်းတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်နေပေမယ့် တရုတ်တပြည်ထောင်တည်း မူဝါဒအရ ဘေဂျင်းအစိုးရက ထိုင်ဝမ်ကို သူ့ရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
ဒါ့အပြင် လိုအပ်ရင် အင်အားသုံးပြီး ပြန်လည်ပေါင်းစည်းရေးကို လုပ်ဆောင်ဖို့အထိ တရုတ်က အသိပေးထားပါတယ်။
ထိုင်ဝမ်ရဲ့ အရေးပါမှုဟာ ပထဝီနိုင်ငံရေးထက် ပိုပါတယ်။ ထိုင်ဝမ်ဟာ စမတ်ဖုန်းတွေကနေ တိုက်လေယာဉ်တွေအထိ အရာအားလုံးကို မောင်းနှင်ပေးတဲ့ အဆင့်မြင့်နည်းပညာ၊ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေကို အထောက်အကူပြုနေပါတယ်။ ဒါ့အပြင် အင်ဒို-ပစိဖိတ်ဒေသမှာ ဒီမိုကရေစီရဲ့ ခံတပ်တစ်ခုအနေနဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုး တိုးချဲ့လာမှုကို ဟန်ချက်ညီစေမယ့် အဓိကအချက်တစ်ခုလည်း ဖြစ်ပါတယ်။
Ref – indiatimes