ဟားမက်စ်အဖွဲ့က အစ္စရေးဓါးစာခံ ခုနှစ်ဦးကို ပထမဆုံးပြန်လွှတ်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာလည်း ဒီကနေ့မှာ အစ္စရေးကို ရောက်နေပြီး ဟားမက်စ်နဲ့ အစ္စရေးအကြား ကြားဝင်စေ့စပ်မှုအတွက် အစ္စရေးလွှတ်တော်မှာ သူ့ကို ချီးကျုးနေကြပါတယ်။

၁၃ ၊ အောက်တိုဘာလ

အစ္စရေး – ဟားမက်စ်အပစ်ရပ်ရေး သဘောတူညီချက်အရ ဒီကနေ့ အောက်တိုဘာ ၁၃ရက်နေ့မှာ အစ္စရေးဓါးစာခံ ခုနှစ်ဦးကို ဟားမက်စ်အဖွဲ့က ပထမဆုံး ပြန်လွှတ်ပေးလိုက်ပါတယ်။ မကြာခင် အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသားတွေကို လွှတ်ပေးမှာ ဖြစ်ပါတယ်။

ဓားစာခံခုနစ်ဦးကို ပြန်လွှတ်ပေးမယ့်သတင်းကြောင့် အစ္စရေးနိုင်ငံ တီလ်အဲဗစ်မြို့ရဲ့ ဓားစာခံရင်ပြင်မှာ လူထောင်ချီစုဆေးပြီး ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုနေကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာလည်း ဒီကနေ့မှာ အစ္စရေးကို ရောက်နေပြီး ဟားမက်စ်နဲ့ အစ္စရေးအကြား ကြားဝင်စေ့စပ်မှုအတွက် အစ္စရေးလွှတ်တော်မှာ သူ့ကို ချီးကျုးနေကြပါတယ်။

ဟားမက်စ်နဲ့ ဂါဇာရဲ့ အနာဂတ်အတွက် အဓိကမေးခွန်းတွေ ကျန်ရှိနေဆဲဖြစ်ပေမဲ့၊ ဒီသဘောတူညီချက်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ကြား အပြင်းထန်ဆုံး စစ်ပွဲကို ဖြေရှင်းရာမှာ မျှော်လင့်ချက်အလင်းရောင်တစ်စုံတစ်ရာကို ပေးစွမ်းနိုင်ပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်ဟာ  အီဂျစ်သမ္မတ အက်ဒဲလ် ဖက်တာ အယ်လ် ဆီဆီနဲ့ အတူ နိုင်ငံတကာငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ အောက်တိုဘာ ၁၃ရက်နေ့ အီဂျစ်နိုင်ငံမှာ ဦးဆောင် ကျင်းပမှာလည်း ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ ဂါဇာဒေသ စစ်ပွဲအဆုံးသတ်ရေး ၊ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကြိုးပမ်းမှုတွေ ပိုအားကောင်းလာဖို့ ရည်ရွယ်တယ်လို့ အီဂျစ်သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က စနေနေ့က ပြောခဲ့ပါတယ်။

Ref – BBC / Reuters