မိုးတေတံတားကို TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဆိုပြီး ရုပ်ပုံဟောင်းသုံးထားသည့် သတင်းမှား

 မိုးတေတံတားကို TNLA က မိုင်းခွဲဖျက်ဆီးခဲ့ဆိုပြီး ရုပ်ပုံဟောင်းသုံးထားသည့် သတင်းမှား

 

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၁၀ရက်။

(Fact-check _DNA/ The Red Flag) 

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က မိုးတေတံတားကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၈ရက် မိုင်းခွဲဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းရာကို Pyin Oo Lwin Thar ဆိုတဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၈ရက်မှာ “သီပေါမြို့မှနမ္မတူနဲ့နမ့်ဆန်မြို့ ဖက်ဆက်သွယ်ထားတဲ့မိုးတေတံတားကို TNLAအဖွဲ့မိုင်းခွဲဖျက်ဆီးထွက်ပြေး…” လို့ (မူရင်းအတိုင်း)ရေးသားဖြန့်ဝေထားပြီး ပြန်လည်မျှဝေသူတွေများပြားနေတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

 

သတင်းမှားလင့် 

https://archive.ph/OcY0b 

https://archive.ph/u3nvW 

 

ပျံ့နှံ့လာတဲ့အကြောင်းရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Checkအဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါ မိုးတေတံတားလို့ အသုံးပြုထားတဲ့ရုပ်ပုံကပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်က ရခိုင်ပြည်နယ်က ကုလားပြင် တံတားဓာတ်ပုံ ဖြစ်တာကိုတွေ့ရပါတယ်။

 

သတင်းစိစစ်ချက် 

 

Pyin Oo Lwin Thar ဆိုတဲ့ ဆိုရှယ်စာမျက်နှာကနေ ဖြန့်ဝေလာတဲ့ ရုပ်ပုံကို Reverse Image Search နဲ့စစ်ဆေးကြည့်တဲ့အခါမှာ အဲ့ဒီရုပ်ပုံက စစ်ကော်မရှင်တပ်တွေ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ၊ ၇ရက်မှာ မိုင်းခွဲဖျက်ဆီးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့ကြားမှာရှိတဲ့ ကုလားပြင်တံတားဖြစ်တာကို တွေ့ရှိရပါတယ်။

သတင်းဖတ်ရန် – https://www.facebook.com/share/p/17KJyb7cvS/ 

 

ကျောက်မဲမြို့က မိုးတေတံတားရဲ့ တံတားကိုယ်ထည်တည်တိုင်တွေက စုစုပါင်း သုံးခုံပဲရှိတာဖြစ်ပြီး ပျံ့နှံ့နေတဲ့ သတင်းမှားမှာ ပါဝင်တဲ့ပုံမှာရှိတဲ့ တံတားကိုယ်ထည်တည်တိုင်က ခုနှစ်ခုနဲ့ တည်ဆောက်ထားတဲ့ တံတားဖြစ်တာကိုတွေ့ရပါတယ်။

မိုးတေတံတားပုံကြည့်ရန်Geolocation – 22.71535898609544, 97.34719935798566 

ကုလားပြင်တံတားရဲ့ပုံကိုကြည့်ရန် –https://www.facebook.com/share/p/1G1bez1bkh/ 

 

 သတင်းမှားမှာပါဝင်တဲ့ ကျိုးနေတဲ့တံတားရဲ့ညာဖက်အခြမ်းမှာပါဝင်တဲ့ ယာဥ်သွားလမ်းရဲ့ အောက်ခြေတံတားတိုင်မှာ တိုင်ငါးချောင်း၊ အပေါက်လေးပေါက်ပါဝင်တာကိုတွေ့ရမှာဖြစ်ပြီး စစ်တပ်ကမိုင်းခွဲဖျက်ဆီးထားတဲ့ ကုလားပြင်တံတားမှာလည်း တိုင်ချောင်းငါးချောင်းပါဝင်နေတာကို ထပ်တူညီစွာတွေ့ရမှာပါ။ 

 

အဲ့ဒီတံတားရဲ့ ရေထဲနစ်မြှုပ်နေတဲ့တံတားပိုင်းမှာလည်း တံတားလက်ရမ်းအပေါက် ခုနှစ်ခုဖြစ်နေတာကလည်း မအီချောင်းတံတားရဲ့ ရေနစ်မြှုပ်နေတဲ့ တံတားပုံစံနဲ့ တပုံစံတည်းဖြစ်နေတာကိုလည်းတွေ့ရမှာပါ။

နှိုင်းယှဥ်ကြည့်နိုင်ရန်ရုပ်ပုံလင့် – https://dwayarwaddy.com/news/18335/ 

 

သတင်းမှားဖြန့်ဝေသူအသုံးပြုထားတဲ့ မိုးတေတံတားဆိုတဲ့တံတားရဲ့ရုပ်ပုံကလည်း ဆိုရှယ်မီဒီယာအသုံးပြုသူတဦးက ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က “ဘာကြောင့် ဖြစ်နေရလဲဆိုတာ တချို့က မသိကြသေးဘူး.. တံတားချိုးတိုင်း သာ .. အကုန်အဆင်ပြေသွားမယ်ဆိုလို့ကတော့…. ရခိုင်ပြည်နယ် ဂွမြို့နယိ ကုလားပြင်တံတား” ဆိုတဲ့ (မူရင်းအတိုင်း) စာသားတခုနဲ့အတူ မျှဝေထားတဲ့ ရုပ်ပုံဖြစ်တာကို တွေ့ရှိရပါတယ်။

ကြည့်ရှုရန်လင့် – https://archive.ph/ZtyF8 

 

သုံးသက်ချက်

 

စစ်ကော်မရှင်တပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၈ရက် ကျောက်မဲမြို့နဲ့ မိုင်းငေါ့မြို့ကြားမှာရှိတဲ့ နမ့်မန်းရွာတံတားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် သီပေါမြို့က မိုးတေတံတားကို TNLAတပ်တွေက မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်တယ်ဆိုတဲ့ သတင်းမှားတွေပျံ့နှံ့လာတာဖြစ်တာကို တွေ့ရပါတယ်။

 

မိုးတေတံတားလို့ဖြန့်ဝေနေတဲ့ ရုပ်ပုံကလည်း ပြီးခဲ့၂၀၂၄ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့တဲ့ တံတားတွေထဲကတခုဖြစ်တဲ့ ကုလားပြင်တံတားရဲ့ပုံဖြစ်တာကို အတည်ပြုနိုင်ခဲ့ပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #သီပေါ #တံတား_မိုင်းခွဲဖျက်ဆီးခံရ #ကုလားပြင်တံတား #လုပ်ကြံပြောဆို #သတင်းမှားဝါဒဖြန့်