မဲပေးရမယ့် နေ့တောင် သိတဲ့လူမရှိဘူး။ လူတွေက စိတ်မဝင်စားလည်း သူတို့ (စစ်တပ်) ကတော့ နာ မည်အတိအကျနဲ့ အိမ်ရောက်လာပြီး စာရင်းပါတယ်ပြောလို့ပြော ၊ စာရင်းပါတော့ကော ဘယ်သူ့မဲပေး ရမှန်းမသိတဲ့အဖြစ်”
၃၊စက်တင်ဘာ။
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်ထဲက ကျေးရွာတွေမှာကျေးရွာအုပ်ချုပ်ရေးမှူးတွေက ရွေးကောက် ပွဲမဲပေးရမယ့် အမည်စာရင်းကို နေအိမ်တွေ အရောက်လိုက်လံပို့ဆောင်ပြီး ဆန္ဒမဲထည့်ဖို့အတွက် လိုက်လံ ပြောဆိုတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဓိကကတော့ မဲစာရင်းပါ မပါ။ မပါရင် ပါလာအောင် ဖြည့်ဖို့အတွက်ပဲ” လို့ ဒေသခံတဦးက ပြောပါ တယ်။ ဒါပေမယ့်လည်း မဲပေးရမယ့် လူစာရင်းမှာ တရွာလုံးက အသက်ပြည့်ပြီးသား လူအားလုံးရဲ့ အမည်တွေ ပါဝင်နေတယ်လို့ သူကပြောပါတယ်။
ဒီစာရင်းတွေဟာ မြေပြင်ကွင်းဆင်းပြီးတော့ ကောက်ယူထားတဲ့စာရင်းတွေမဟုတ်ဘူးလို့ ငသိုင်းချောင်း မြို့အပိုင်ထဲမှာ နေထိုင်သူတဦးကပြောပါတယ်။
“မြို့နယ်ထွေအုပ်နဲ့ လဝက ချပေးလိုက်တဲ့စာရင်းတွေ” လို့ ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစမ်းမဲပေးလေ့ကျင့်တာတွေကို ဧရာဝတီတိုင်းထဲက ကျေးရွာတွေအထိ လိုက်လံလုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း ရေကြည် မြို့နယ်ထဲက ကျေးရွာ အများစုမှာ အစမ်းမဲပေးလေ့ကျင့်တာတွေ မပြုလုပ်ရသေးပါဘူး။
မဲဆန္ဒပေးရမယ့် အမည်စာရင်းတွေဟာ နေအိမ်ကိုရောက်ရှိလာပေမယ့်လည်း ဒေသတွင်းမှာ ရွေး ကောက်ပွဲဝင်ပြိုင်မယ့်ပါတီစာရင်းနဲ့ ကိုယ်စားလှယ် လောင်းအမည်စာရင်းတွေကို အရပ်သားပြည်သူ တွေက မသိရှိကြဘူးလို့ ရေကြည်မြို့နယ်ထဲက ဒေသခံတွေပြောပါတယ်။
“မဲပေးရမယ့် နေ့တောင် သိတဲ့လူမရှိဘူး။ လူတွေက စိတ်မဝင်စားလည်း သူတို့ (စစ်တပ်) ကတော့ နာ မည်အတိအကျနဲ့ အိမ်ရောက်လာပြီး စာရင်းပါတယ်ပြောလို့ပြော ၊ စာရင်းပါတော့ကော ဘယ်သူ့မဲပေး ရမှန်းမသိတဲ့အဖြစ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကော်မရှင်ဟာ မြန်မာ့ဆက်သွယ်ရေးအော်ပရေ တာ MPT ရဲ့ ကွန်ရက်ကို အသုံးပြုပြီး မဲစာရင်းမှာ အမည်ပါဝင်ခြင်းရှိမရှိ စစ်ဆေးဖို့ ၊ အမည်စာရင်းမပါဝင်ရင် သက် မှတ်ရက်အတွင်း အမည်စာရင်းပေးသွင်းကြဖို့ကိုလည်း SMS (စာတို) ပေးပို့နေပါတယ်။
ပန်းတနော် ၊ မအူပင် ၊ ရေကြည်နဲ့ဝါးခယ်မြို့နယ်ထဲမှာက ဒေသခံတွေဆီကိုလည်း ရွေးကောက်ပွဲ မဲစာရင်း၊အမည်စာရင်း စစ်ဆေးဖို့ ပေးပို့တဲ့စာတွေကို SMS ကနေ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည် မြို့နယ် အတွင်းရှိရပ်ကွက်/ကျေးရွာများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား ယမန်နေ့နံနက် (၆)အချိန်မှစတင်၍ ရပ်ကွက်(၁၆) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀၃) အုပ်စုတွင်(၉၉)အုပ်စုသာ မဲစာရင်းပေးနိုင်သည့် အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားကြောင်း သိရသည်။