NLD ရေကြည် မြို့နယ် ဥက္ကဌဟောင်း ပြည်သူ့ပါတီက ရွေးကောက်ပွဲဝင်ရန် စာရင်းတင်ထား


“ကျွန်တော်တို့ရေကြည်မြို့နယ်ထဲမှာကို စစ်ပွဲတွေ ဘယ်လောက်ပြင်းထန်နေလဲဆိုတာကို သိနေ မြင် နေရတယ်။ဒီကောင်(စစ်ကောင်စီ)တွေကဘယ်လောက် ရက်ရက်စက်စက် လုပ်နေလဲ မြင်နေ သိနေရတာကို ဒီကောင်တွေလုပ်တဲ့ ရွေးကောက်ပွဲကို ဝင်ဖို့လုပ်တာက ဘယ်ပါတီကပဲ ဖြစ်ဖြစ်ကို ရွံတာ”လို့ ဒေသခံတဦးက ဆိုပါတယ်။

၂၂၊ စက်တင်ဘာလ။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရဲ့ NLD ပါတီ မြို့န ယ် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့သူက အခု စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာပြည်သူ့ပါတီကိုယ် စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်နေတယ်လို့ ရေကြည်မြို့နယ်က NLD ပါတီဝင်တွေက DNA ကိုပြောပါတယ်။

“ ကျွန်တော်တို့လည်း ပြည်သူ့ပါတီက လူတွေဆီကပဲ ပြန်သိတာပါ။ သူ့ကိုမေးတော့ သေချာတော့ မဖြေသေးဘူး။ ပါ မပါဆိုတာကိုတော့ကိုယ်စားလှယ် စားရင်းတွေ ထုတ်ပြန်ရင်တော့ သိရမှာပေါ့ ” လို့ ရေကြည်မြို့နယ်က NLDပါတီ အမာခံ တဦးက ဆိုပါတယ်။

အရင်ကNLD ပါတီရဲ့ မြို့နယ် အလုပ်အမှုဆောင် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့စဉ်က မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တာတွေရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီ လက်အောက်ခံ ပါတီ၊ အဖွဲ့အစည်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိလာခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာ ပါတီဝင်တွေက ပြောပါတယ်။

“ ကျွန်တော်တို့ရေကြည်မြို့နယ်ထဲမှာကို စစ်ပွဲတွေ ဘယ်လောက်ပြင်းထန်နေလဲဆိုတာကို သိနေ မြင် နေရတယ်။ ဒီကောင်(စစ်ကောင်စီ)တွေက ဘယ်လောက် ရက်ရက် စက်စက် လုပ်နေလဲ မြင်နေ သိနေရတာကို ဒီကောင်တွေလုပ်တဲ့ ရွေးကောက်ပွဲကို ဝင်ဖို့လုပ်တာက ဘယ်ပါတီကပဲ ဖြစ်ဖြစ်ကို ရွံတာ ” လို့ ဒေသခံတဦးက ဆိုပါတယ်။

ရေကြည်မြို့နယ်ထဲက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ကတော့ ပြည်သူ့ပါတီကို ဦးဆောင်နေသူတွေဟာ ၈၈ မျိုးဆက် ခေါင်းဆောင်တွေဖြစ်တာကြောင့် နိုင်ငံရေးပါတီ ကူးပြောင်းတဲ့ ကိစ္စတွေဟာ အပြစ်ပြောစရာ ကိစ္စတခုတော့ မဟုတ်ဘူးလို့ ယူဆထားကြပါတယ်။

“ အခုက သူ့ကို သစ္စာဖောက်ပေါ့ ပြောကြတာတွေရှိတယ်။ သူယုံကြည်တဲ့ နိုင်ငံရေး လမ်းကြောင်း အတိုင်းသွားနေတဲ့ ကိစ္စတွေကို ပြစ်တင်ပြောဆိုစရာ မလိုဘူးလို့ ထင်ပါတယ်။ လူတွေက ကိုယ့်သမိုင်းကိုယ်ရေးကြတာပဲ ငါနဲ့မတူ ငါ့ရန်သူဆိုတာက နိမ့်လွန်းပါတယ် ” လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးက ပြောပါတယ်။

ရေကြည်မြို့နယ်ထဲက NLD ပါတီထောက်ခံသူတွေ သာမက စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေး အင်အားစုတရပ်လုံးက ဒီရွေးကော က်ပွဲဟာ ပြည်သူတွေအတွက် ထွက်ပေါက်မဟုတ်
ဘဲ “ ထောက်ချောက်” သာဖြစ်တယ်လိုပြောဆိုနေကြတာပါ။

စစ်ကောင်စီက ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာ လ ၂၈ရက်ကစပြီးအပိုင်းလိုက်ပြုလုပ်မယ်လို့ကြေညာထားတာဖြစ်ပါတယ်။