အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးစင်တာက အချက်အလက် ပြီးခဲ့တဲ့ နှစ်ပတ်က ခရိုင်နှစ်ခုမှာ ရောဂါကူးစက်မှုဖြစ်ပွါးခဲ့ပြီး အခုဆိုရင် ခရိုင်လေးခုအထိပျံ့နေပြီလို့ သိရပါတယ်။
၁၉ ၊ စက်တင်ဘာလ။
ကွန်ဂိုနိုင်ငံမှာ အခုအတွင်း အီဘိုလာရောဂါကြောင့် သေဆုံးသူ ၃၁ ယောက်ရှိလာပြီလို့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) က ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ ကွန်ဂိုမှာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ် အီဘိုလာရောဂါပျံ့ပွါးမှုဖြစ်ပြီး ရောဂါကူးစက်မှု ၄၈ခုရှိတယ်လို့ WHO အတွင်းရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ်က ကြာသပတေးနေ့က ဂျီနီဗာမှာ ပြောပါတယ်။
အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးစင်တာက အချက်အလက် ပြီးခဲ့တဲ့ နှစ်ပတ်က ခရိုင်နှစ်ခုမှာ ရောဂါကူးစက်မှုဖြစ်ပွါးခဲ့ပြီး အခုဆိုရင် ခရိုင်လေးခုအထိပျံ့နေပြီလို့ သိရပါတယ်။
လက်ရှိမှာတော့ WHO နဲ့ မိတ်ဖက်အဖွဲ့တွေဟာ ကွန်ဂိုအစိုးရရဲ့ ရောဂါထိန်းချုပ်ရေးအတွက် ကူညီနေပြီး၁၄တန်အလေးချိန်ရှိတဲ့ဆေးဝါးအထောက်အကူ တွေအပြင် ကျွမ်းကျင်သူ ၄၈ဦးကိုလည်း စေလွှတ် ထားတယ်လို့ အတွင်းရေးမှူးချုပ်က ဆိုပါတယ်။
အနောက် အာဖရိကကို ဗဟိုပြု ဖြစ်ပွားနေတဲ့ အီဘိုလာ ကူးစက် ရောဂါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါး ကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီးအသက် အန္တရာယ်ပေးနိုင်တဲ့အထိ ပြင်းထန်ပါတယ်။
ရောဂါရှိသူရဲ့ သွေး၊ ဝမ်း၊ အန်ဖတ် စတဲ့ လူ့ကိုယ် ခန္ဓာက ထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဖျားတာ ၊ ကိုက်ခဲတာ မောပန်းတာ ဝမ်းလျောတာနဲ့ အရေ ပြားမှာ အနီစက်တွေ ထွက်လာတာတို့ ဖြစ်ပါတယ်။
Ref – aljazeera