
စစ်တပ်ဟာ အင်္ဂပူမြို့နယ်ထဲက ပြည်သူ့စစ်တွေကို လက်နက်တွေ ထုတ်ပေးထားပါတယ်။ သေနတ်နဲ့ အပစ်ခံရတဲ့ ကိုအောင်အောင်ကို ဟင်္သာတမြို့က ဘုန်းကြီးတပါးက စားရိတ်စိုက်ထုတ်ပြီးတော့ ဆေးကုသပေးခဲ့တာပါ။
၁၇၊စက်တင်ဘာလ။
ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ ကုန်းပြင်ကျေးရွာ
အုပ်စု၊ ကျီးပင်ရွာမှာ ဩဂုတ်လ ၃ ရက်က သေနတ် နဲ့ အပစ်ခဲ့တဲ့ဖြစ်စဉ်မှာ ဒေသတွင်းက ပြည်သူ့စစ် (ပျူစောထီး) တွေနဲ့ ပတ်သက်ဆက်နွယ်နေတာကြောင့် အမှုကို ရှေ့ဆက်ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။
သေနက်နဲ့အနီးကပ်ပစ်ခတ်ခံခဲ့ရတာကြောင့် ဟင်္သာ တဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုအောင်အောင်ဟာ စက်တင်ဘာလ ၅ ရက်က ဆေးရုံကနေပြန်လည်ဆင်းလာနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သေနတ်နဲ့ အပစ်ခံရတဲ့ကိစ္စကို အမှုဖွင့်ခွင့်မရဘူးလို့ သိရပါတယ်။
“အမှုထပ်မဖွင့်ရဲဘူး။ ရဲတွေက ပြည်သူ့စစ်တွေ ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ၊ ကြံ့ခိုင်ရေးတွေဘက်ကနေ အမြဲကာကွယ်ပေးထားတာ” လို့ ကိုအောင်အောင်နဲ့ နီးစပ်သူတဦးကပြောပါတယ်။ သေနက်နဲ့ပစ်ခတ်တဲ့ အမှုကို စစ်ဆေးတဲ့အခါမှာ ပြည်သူ့စစ် အဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွယ်နေတာကို တွေ့ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
စစ်တပ်ဟာ အင်္ဂပူမြို့နယ်ထဲက ပြည်သူ့စစ်တွေကို လက်နက်တွေ ထုတ်ပေးထားပါတယ်။ သေနတ်နဲ့ အပစ်ခံရတဲ့ ကိုအောင်အောင်ကို ဟင်္သာတမြို့က ဘုန်းကြီးတပါးက စားရိတ်စိုက်ထုတ်ပြီးတော့ ဆေးကုသပေးခဲ့တာပါ။
“ဖြစ်စဉ်တခုလုံးက သူခိုးက လူပြန်ဟစ်ပြီး ပြောင်း ပြန်ကြီး လုပ်ပစ်ခံရတာ။ အောင်အောင်ကတော့ အခု ဘုန်းကြီးတပါးက ပိုက်ဆံစိုက်ထုတ်ပြီး ကုပေးလို့ အသက်ရှင်တယ်” လို့ ဒေသခံက ပြောပါတယ်။ ကိုအောင်အောင်သေနတ်နဲ့အပစ်ခံရစဉ်က အုပ်ချုပ် ရေးအဖွဲ့ဝင်ဖြစ်တဲ့အတွက် ဒလန်အနေနဲ့ အရှင်းခံရတယ်ဆိုပြီး သတင်းအမှားတွေ ထွက်ခဲ့ပါသေးတယ်။
ကိုအောင်အောင်ဟာ သူတို့ဒေသမှာ တိုက်ပွဲတွေ မဖြစ်ခင်က ဥယျာဉ်ခြံစောင့်အဖြစ်လုပ်ကိုင်ခဲ့သူပါ။ သူဟာ ဩဂုတ်လ ၃ ရက်က ကွင်းကောက်မြို့ကနေ ဈေးဝယ်ပြီး ရွာကိုပြန်လာစဉ်မှာ လူတဦးက ဆိုင်ကယ်ကိုတားပြီး ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်သူဟာ မပစ်ခတ်ခင် ကိုအောင် အောင်နဲ့ စကားစမြည်ပြောလည်းပြောဆိုခဲ့သေး တယ်လို့ မျက်မြင်တွေ့ရှိသူက ထုတ်ဖော်ပြောဆိုထားပါတယ်။ ကုန်းပြင်ကျေးရွာအုပ်စု ၊ ကျီးပင်ရွာ ဆိုတာက အင်္ဂပူမြို့နယ်ရဲ့အနောက်ဘက်အစွန်ဆုံး ကျေးရွာဖြစ်တဲ့အပြင် ရခိုင်ရိုးမတောင်ခြေမှာ တည်ရှိပါတယ်။
