AI သုတေသနပါရဂူဘွဲ့ကျောင်းသားဖြစ်ပြီး ခေါင်း ဆောင်သစ်ရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့ ဆိုတဲ့ အသက် ၂၅နှစ်အရွယ် ကိုကီအိုကူမူရာက သတင်းစာရှင်းလင်းပွဲမှာ“ခေါင်း ဆောင်သစ်က AI ဖြစ်လာမှာပါ” လို့ ပြောခဲ့ပါတယ်။
၁၇ ၊ စက်တင်ဘာလ ။
ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် တည်ထောင်သူနှုတ် ထွက်သွားတဲ့ ဂျပန်နိုင်ငံရေးပါတီသစ်တခုဟာ ပါတီခေါင်းဆောင်အဖြစ် ဉာဏ်ရည်တုနည်းပညာ AI ကို တင်မြောက်သွားမယ်လို့ စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Path to Rebirth ဟာ နိုင်ငံရေးပါတီသစ်တခုဖြစ်ပြီး မကြာသေးမီက ကျင်းပခဲ့တဲ့ ဂျပန်နိုင်ငံရွေးကောက် ပွဲအပြီး ပါတီ တည်ထောင်သူ နှုတ်ထွက်သွားခဲ့တာပါ။
ဂျပန်နိုင်ငံ အနောက်ဘက် မြို့ငယ်လေးတမြို့ရဲ့ မြို့တော်ဝန်ဟောင်းဖြစ်တဲ့ ရှင်ဂျီ အိရှိမာရူက အဆိုပါ ပါတီကို ဇန်နဝါရီလမှာ စတင်တည်ထောင်
ခဲ့တာပါ။
အွန်လိုင်းကမ်ပိန်းလှုပ်ရှားမှုကနေတဆင့်အောင်မြင် ခဲ့တဲ့ အိရှိမာရူဟာ ၂၀၂၄ခုနှစ် တိုကျိုမြို့တော်ဝန် ရွေးကောက်ပွဲမှာ မထင်မှတ်ပဲ ဒုတိယနေရာရရှိခဲ့ပေမယ့် အခုနှစ်အထက်လွှတ်တော်ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီဟာ အမတ်နေရာ တနေရာမှ အနိုင်မရခဲ့တာကြောင့် ပါတီက နုတ်ထွက်သွားခဲ့ပါတယ်။
အဲဒီနောက် AI သုတေသနပါရဂူဘွဲ့ကျောင်းသားဖြစ်ပြီး ခေါင်းဆောင်သစ်ရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့ ဆိုတဲ့ အသက် ၂၅နှစ်အရွယ် ကိုကီအိုကူမူရာက သတင်းစာရှင်းလင်းပွဲမှာ “ခေါင်းဆောင်သစ်က AI ဖြစ်လာမှာပါ” လို့ ပြောခဲ့ပါတယ်။
သူဟာ အသက် ၂၅နှစ်အရွယ် ကျိုတိုတက္ကသိုလ် ကျောင်းသားတဦး ဖြစ်ပြီး နုတ်ထွက်သွားတဲ့ ပါတီခေါင်းဆောင်နေရာကို ဆက်ခံဖို့ မကြာသေးခင်က ပါတီတွင်း ပြိုင်ပွဲမှာ အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် AI ကို ဘယ်အချိန်မှာ ဘယ်လိုအကောင် အထည်ဖော်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်
တွေကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ သူက ဆက် ပြောပါတယ်။
AI ဟာ ပါတီဝင်တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အမိန့်ပေးမှာ မဟုတ်ပဲ ပါတီဝင်တွေအကြား ရင်းမြစ်ခွဲဝေရေးကိစ္စလိုမျိုး ဆုံးဖြတ်ချက်တွေကို အာရုံစိုက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
Path to Rebirth ပါတီဟာ မီဒီယာတွေရဲ့ အာရုံစိုက် မှုကို ခံခဲ့ရပေမယ့် အနိုင်ရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ တိုကျိုလွှတ်တော်ရွေးကောက်ပွဲမှာ ပါတီရဲ့ကိုယ်စားလှယ်လောင်း ၄၂ ဦးစလုံး ရှုံးနိမ့်ခဲ့တာပါ။ ဒါ့အပြင် ဇူလိုင်လက ကျင်းပခဲ့တဲ့ အထက် လွှတ်တော်ရွေးကောက်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၁၀ ဦးစလုံး ရှုံးနိမ့်ခဲ့ပါတယ်။
Ref – AFP