“ပုသိမ် – မုံရွာ -ငသိုင်းချောင်း နဲ့ ဂွ လမ်းဆုံမှာ ရှိတဲ့ ရေနံသာဂိတ် မှာ ကုန်စည်တင်တဲ့ ကားရောခရီးသ ည်တင်တဲ့ ကားရော နေ့တိုင်းစစ်တယ် ဒီဇယ်၊ ဓါတ် ဆီ၊ ဆန် အဓိကထားစစ်တာ၊ ရေကြည်နဲ့လေးမျက် နှာဖက် က တိုက်ပွဲ ဖြစ်နေတဲ့ ရွာတွေဖက်ဆိုရင် ခေါက်ဆွဲခြောက်တောင် များများစားစား ဝယ်သွားလို့မရဘူး ဘာမှသယ်ခွင့်မပေးဘူး ရိက္ခာဖြတ်တဲ့ သဘောမျိုးပေါ့ ဒါကစစ်တပ်ရဲ့ နည်းလမ်းဟောင်း ဖြတ်လေးဖြတ်လုပ်နေတာ” လို့ ငသိုင်းချောင်း မြို့က အသက် ၇၀ ကျော်ရှိ စစ်သားဟောင်းတဦးကပြောပါတယ်။
၁၆ ၊ စက်တင်ဘာ။
ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း အတွင်းက ပုသိမ်၊ငပုတော၊ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ နဲ့ အင်္ဂပူမြို့နယ်တို့ရှိ ကျေးလက်ဒေသတွေမှာ ဓါတ်ဆီနဲ့ ဒီဇယ်ဆီတွေ ဝယ်ယူရတာခက်ခဲပြီး ဈေးနှုန်းကလည်း အဆမတန်မြင့်တက်နေပါတယ်။
ဧရာဝတီတိုင်း မြို့ကြီးတွေမှာ ရှိနေတဲ့ ပါမစ်ရ စက် သုံးဆီရောင်းဝယ်ရေးဆိုင်ကြီးတွေမှာ ဓါတ်ဆီ ၁လီ တာကိုကျပ် ၃၀၀၀ ဝန်းကျင်ဖြစ်ပေမယ့် ရခိုင်ပြည် နယ်နဲ့ထိစပ်နေတဲ့ဧရာဝတီတိုင်းအတွင်းကကျေး လက်ဒေသတွေမှာ တလီတာကို ကျပ် ၉၀၀၀ ဝန်းကျင်အထိရှိနေတာပါ။
အလားတူ လယ်ယာလုပ်ငန်း ၊ ငါးဖမ်းလုပ်ငန်း၊ သစ်ခွဲစက်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း နဲ့ ကျေးလက်ဒေသရဲ့ လျှပ်စစ်မီးစက် မောင်းရာမှာ အများဆုံး အသုံးပြုတဲ့ စက်သုံးဆီ(ဒီဇယ်ဆီ) ဈေးနှုန်းဟာ မြို့ပြမှာ တပီပါ ( ၅၂ ဂါလံ)ကို ခြောက်သိန်းကိုးသောင်းရှိပေမယ့် ရခိုင်ဆက်စပ်ဒေသတွေမှာ တော့ တပေပါ (၅၂ ဂါလံ) ကို ကျပ် ၁၆ သိန်း နီးပါးအထိ ဖြစ်နေပါတယ်။
“စစ်တပ်က ဓါတ်ဆီ ဒီဇယ်အပါအဝင်ဆန် ၊စားသုံးဆီ နဲ့ ခေါက်ဆွဲခြောက်လိုမျိုး ရိက္ခာခြောက်တွေကို အကန့်အသတ်နဲ့ပဲ သယ်ယူခွင့်ပြုတယ်၊ အခုက ဈေးကြီးပေးဝယ်ကြရပေမယ့် လိုသလောက်ဝယ် လို့မရတာ”လို့ သာပေါင်းမြို့နယ် ကျေးလက်ဒေသနေသူတဦး က DNA ကိုပြောပါတယ်။
စက်သုံးဆီဖြစ်တဲ့ ဒီဇယ် နဲ့ ဓါတ်ဆီကို သာမန်ကုန်စုံဆိုင်တွေမှာ ဝယ်လို့မရ ခက်ခဲပေမယ့် စစ်တပ် က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး၊ စစ်တပ်မှာ မော် တော်ယာဉ်ဌာနကိုင်တဲ့သူတွေ ၊ကားမောင်းတဲ့သူတွေဆီကနေ ကြားခံအဆက်အသွယ်နဲ့ ဝယ်ယူလို့ရပြီး ဈေးနှုန်းက ၃ ဆ နီးပါးဈေးကြီးနေပါတယ်။
အထူးသဖြင့် အာရက္ခတပ်တော်AA နဲ့ တော်လှန်ရေး တပ်တွေ ထိုးစစ်ဆင်နေတဲ့ ရေကြည်၊သာပေါင်း လေးမျက်နှာမြို့နယ် အတွင်းက ကျေးလက်ဒေသတွေကို ဓါတ်ဆီ ၊ ဒီဇယ်အပါအဝင်ဆန် ၊စားသုံးဆီ နဲ့ ခေါက်ဆွဲခြောက်လိုမျိုး ရိက္ခာခြောက်တွေသယ်ယူတာကို စစ်ကောင်စီက ပိတ်ထားတာပါ။
“ပုသိမ် -မုံရွာ- ငသိုင်းချောင်း နဲ့ ဂွ လမ်းဆုံမှာရှိတဲ့ ရေနံသာဂိတ်မှာ ကုန်စည်တင်တဲ့ ကားရော ခရီး သည်တင်တဲ့ ကားရော နေ့တိုင်းစစ်တယ် ဒီဇယ်၊ဓါတ်ဆီ၊ဆန် အဓိကထားစစ်တာ၊ ရေကြည်နဲ့ လေး မျက်နှာဖက် က တိုက်ပွဲဖြစ်နေတဲ့ ရွာတွေဖက်ဆိုရင် ခေါက်ဆွဲခြောက်တောင် များများစားစား ဝယ်သွားလို့မရဘူး ဘာမှသယ်ခွင့်မပေးဘူး ရိက္ခာဖြတ်တဲ့ သဘောမျိုးပေါ့ ဒါကစစ်တပ်ရဲ့ နည်းလမ်းဟောင်း ဖြတ်လေးဖြတ် လုပ်နေတာ” လို့ ငသိုင်းချောင်း မြို့က အသက် ၇၀ ကျော်ရှိ စစ်သားဟောင်းတဦးကပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက သာပေါင်း၊ ရေကြည်၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တို့အတွင်းက ရခိုင် ပြည်နယ် နယ်စပ်နဲ့ နီးတဲ့ ကျေးရွာရှိ စစ်ကောင်စီရဲ့တပ်စခန်းတွေကို အာရက္ခတပ်တော် AA နဲ့ တော် လှန်ရေး ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေရှိနေခဲ့ပြီး စစ်ကောင်စီရဲ့ တပ်တွေ အထိနာခဲ့ရပြီး လက်လွတ်ခဲ့ရတဲ့ စခန်းတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီကလည်း အဲဒီဒေသတွေကို စက်သုံးဆီ အပါအဝင် ရိက္ခာဖြတ်တောက်တာတွေ လုပ်ရုံမက စက်စက်ယို ပန်းတောကြီး စတဲ့ လက်လွတ်ခဲ့ရတဲ့ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် တာကြောင့် အရပ်သားတွေ အများအပြား သေဆုံးပြိး အိမ်တွေ လယ်ယာတွေ ပျက်စီးခဲ့ရပါတယ်။
AA ထိုးစစ်ကြောင့် စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေတွေ အများအပြား လက်လွှတ်ခဲ့ရတဲ့ရခိုင်ပြည် နယ် နဲ့ ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊ငပုတော၊သာပေါင်း မြို့နယ်တို့ဟာ ရေလမ်း ကုန်းလမ်း တဆက်စပ်တည်းရှိနေသလို ရေကြည်၊ငသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂပူတို့ကလည်း ကုန်းလမ်း တ ဆက်စပ်တည်း ရှိနေပါတယ်။