“ဆောင်းစပါးစိုက်တယ်ဆိုတာ အထွက်နှုန်းကောင်းပြီး အမြတ်ကျန်ဖို့အတွက် လုပ်ကြတာ။ မိုးစပါးမှာ လယ်သမားတွေရှုံးခဲ့ပြီးပြီ။ ဆောင်းစပါးစိုက်တဲ့အခါမှာတော့ မျိုးစပါးတွေရဲ့အကြောင်းကို သေချာလေ့ ပြီး ကိုယ့်မြေနဲ့ကိုက်ညီတာကိုရွေးချယ် စေချင်တယ်”လို့ သူကပြောပါတယ်။
၁၂၊စက်တင်ဘာ
လာမယ့်ဆောင်းရာသီအတွက် မျိုးစပါးဝယ်ယူတဲ့နေရာမှာ လယ်သမားတွေအနေနဲ့ ပျိုးအောင်ပြီး အထွက်နှုန်းကောင်းတဲ့ မျိုးစပါးကိုရွေးချယ်ရမယ့် အပြင် ကိုယ့်ဒေသနဲ့ကိုက်ညီမှုရှိတဲ့ မျိုးစပါးကိုလည်း ရွေးချယ် ဝယ်ယူတက်ဖို့ လိုတယ်လို့ ဧရာဝတီတိုင်းထဲမှာ မျိုးစပါးရောင်းချနေသူ တချို့က အကြံပြုပါတယ်။
ပြီးခဲ့တဲ့နှစ် ဆောင်းစပါးစိုက်ပျိုးချိန်က မျိုးစပါးဝယ်သူတချို့ဟာ ပျိုးမအောင်တဲ့အတွက် နှစ်ကြိမ်
ကနေ သုံးကြိမ်အထိ ပြန်လည်ပျိုးကြဲခဲ့ရတယ်လို့ ကျိုတ်လတ်မြို့နယ်က လယ်သမားတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းက လယ်သမားတွေဟာ လာမယ့် ဆောင်းရာသီအတွက် အင်ဒိုနီးရှားမျိုစိတ်ဖြစ်တဲ့ AGT 303 မျိုးစပါးကို စိုက်ပျိုးဖို့ စုံစမ်းမေးမြန်းသူများပြားနေတယ်လို့ မျိုးစပါးရောင်းချသူတဦးကပြောပါ တယ်။ ဒီမျိုးစိတ်က ၂၀၂၅ ခုနှစ်နှစ်စပိုင်း ပြည်တွင်းကိုဝင်ရောက်လာတဲ့ မျိုးစိတ်အသစ်ပါ။
“အသစ်ပေါ်လာတဲ့မျိုးစိတ်တွေက အထွက်နှုန်းကောင်းကြတာများတယ်။ နောက်နှစ်တွေ ထပ်စိုက်ရင် တော့ သိပ်မဟုတ်တော့ဘူး။ ဘာလိုလဲမသိဘူး။ မြေနဲ့ယဉ်ပါးသွားကြတာထင်တယ်”လို့ ကျိုက် လတ်မြို့ နယ်ထဲက လယ်သမားက ပြောပါတယ်။
မျိုးစပါးရောင်းချသူကတော့ လယ်သမားတွေအနေနဲ့ သက်တမ်းတိုစပါးစိုက်ပျိုးတဲ့နေရာမှာ လယ်မြေ အနိမ့် ၊ အမြင့် အပြင် ရေရရှိရေး ၊ စတင်စိုက်ပျိုးရက်အပါအဝင် ရိတ်သိမ်းမယ့် ရက်တွေအထိ ချင့် ချိန် စဉ်းစားဖို့လိုတယ်လို့ ပြောပါတယ်။
“ဆောင်းစပါးစိုက်တယ်ဆိုတာ အထွက်နှုန်းကောင်းပြီး အမြတ်ကျန်ဖို့အတွက် လုပ်ကြတာ။ မိုးစပါးမှာ လယ်သမားတွေရှုံးခဲ့ပြီးပြီ။ ဆောင်းစပါးစိုက်တဲ့အခါမှာတော့ မျိုးစပါးတွေရဲ့အကြောင်းကို သေချာလေ့ ပြီး ကိုယ့်မြေနဲ့ကိုက်ညီတာကိုရွေးချယ် စေချင်တယ်”လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ သန့်စင်ပြီးသား မျိုးစပါး ၁ တင်းကို ကျပ် ၅ သောင်းအထိ ပေါက်ဈေးရှိနေပါ တယ်။ ဧရာဝတီတိုင်းထဲမှာတော့ ဆာဖိုးသာ ၊ GW-11 ၊ မင်းဧရာ ၊ ဗီယက်နမ်-20 ၊ V-5451 ၊ ရက် ၉၀ ၊ ပခမ်းရွှေဝါ ၊ ဆင်းသုခ ၊ ကရင်မ ၊ သီးထပ်ရင် စတဲ့မျိုးစပါးတွေကို ဆောင်းစပါးအဖြစ်စိုက်ပျိုးပါတယ်။
ဒီစပါးမျိုးစိတ်တွေဟာ ရက်ပေါင်း ၁၀၀ အတွင်းမှာ ရိတ်သိမ်းနိုင်တဲ့ သက်တမ်းတိုးစပါးမျိုးစိတ်တွေဖြစ် တဲ့အပြင် ရေ ၊ မြေနဲ့ မြေဩဇာကျွေးတဲ့ အတိုင်းအတာပေါ်မှုတည်ပြီး အထွက်နှုန်းကောင်းတယ်လို့ လယ်သမားတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်က စိုက်ပျိုးခဲ့တဲ့ ဆောင်းစပါးဟာ တဧကကို တင်း ၁၃၀ ဝန်းကျင်အထိ ထွက်ရှိခဲ့တာကြောင့် ဧရာဝတီတိုင်းထဲက လယ်သမားတွေ စီးပွားရေးအဆင်ပြေခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် အစောပိုင်းကာလမှာ ထွက်ရှိခဲ့တဲ့ ဆောင်းစပါးကအထွက်နှုန်းနည်းခဲ့တဲ့အပြင် နှစ်လည်မိုးစပါးကလည်း အထွက်နှုန်းလျော့ကျ ခဲ့ပါတယ်။
“စပါးက ၄၀ -၅၀ (တဧက) ပဲထွက်တော့ ရှုံးကော ၊ စပါးဈေးကလည်း ၈ သိန်းပတ်ချာလည် (တင်း ၁၀၀) ဆိုတော့ လယ်သမားတွေ ကုန်းကောက်စရာတောင်မရှိတော့ဘူး”လို့ မအူပင်မြို့နယ်ထဲက လယ်သမားတဦးကပြောပါတယ်။