“ ကုန်ကျစရိတ်တွေကတော့ အစုံပဲ။ လူစားထိုးမယ့်လူကို သူတို့သတ်မှတ်တဲ့နေရာအထိ လိုက်ပို့ရတဲ့ စား ရိတ်တွေကလည်း ရှိသေးတယ်။ ဒီကြားထဲ ဆေးအောင်အောင် စစ်တပ်ကိုလာဘ်ထိုးရတယ်။ အစားထိုး မဲ့လူက ကေတီဗီသွားချင်တယ်ဆိုလည်း ပို့ရသေးတယ်!!လို့ မအူပင်မြို့နယ်က ကျေးရွာအုပ်ရေးအဖွဲ့ ဝင်တဦးက ပြောပါတယ်။
၁၁၊စက်တင်ဘာလ။
စစ်မှုထမ်းအတွက် လူစားထိုးထည့်တဲ့အခါအစား ထိုးမယ့်သူကိုပိုက်ဆံပေးရတဲ့အပြင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက လူပုဂ္ဂိုလ်တွေကိုပါ ပိုက်ဆံပေးနေရတယ်လို့ ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ်က ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
၂၀၂၅ ခုနှစ် မေလက လူစားထိုးစစ်မှုထမ်းပေးမယ့်သူကို ကျပ်သိန်း ၁၇၀ ပေးခဲ့ရတယ်လို့ သူက ဆက် ပြောပါတယ်။ အဲဒီတုန်းက ကျေးရွာအုပ်စုက ကေက်ခံရရှိငွေဟာ ၁၅၅ သိန်းကျပ်ပဲရရှိခဲ့တာ ကြောင့် နောက်ထပ်လတွေမှာ အရပ်သားပြည်သူတွေက ထပ်မံပေးဆောင်ခဲ့ရတာပါ။
“စုစုပေါင်း ၁၇၈ သိန်းကုန်တယ်။ လဝက မှာ ပုံစံ (၁၀) လုပ်တာ ၂ သိန်း လာဘ်ပေးရတယ်။ မြို့နယ်ဒုထွေ အုပ် ဦးမင်းမင်းခိုင်ကိုလည်း ၁ သိန်းခွဲလာဘ် ပေးရတယ်”လို့ စစ်မှုထမ်းကိစ္စကို လူစားထိုးပြီး စီစဉ်ဆောင်ရွက်ခဲ့တဲ့ အင်္ဂပူမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ လူပွဲစားတွေနဲ့ချိတ်ဆက်ပြီးတော့ အနယ်နယ်အရပ်ရပ်က လူစား ထိုး စစ်မှုထမ်းလိုသူတွေကိုရှာဖွေကြတာပါ။ လူစားထိုးမဲ့လူတွေကို ဒေသတွင်းမှာ အမှန်တကယ်နေထိုင်သူ အဖြစ် ပုံစံ (၁၀) ပြောင်းလဲတဲ့နေရာမှာ လဝကကို လာဘ်ပေးရပါတယ်။
“ကုန်ကျစရိတ်တွေကတော့ အစုံပဲ။ လူစားထိုးမယ့် လူကို သူတို့သက်မှတ်တဲ့နေရာအထိ လိုက်ပို့ရတဲ့ စား ရိတ်တွေကလည်း ရှိသေးတယ်။ ဒီကြားထဲ ဆေးအောင်အောင် စစ်တပ်ကိုလာဘ်ထိုးရတယ်။ အစားထိုးမဲ့လူက ကေတီဗီသွားချင်တယ်ဆိုလည်း ပို့ရသေးတယ်”လို့ မအူပင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်တဦးက ပြောပါတယ်။
ဒီကုန်ကျစရိတ်အားလုံးကို ကျေးရွာမှာရှိတဲ့ အရပ် သားပြည်သူတွေက စုပေါင်းပြီးအကုန်အကျခံရတာ ပါ။ ဧရာဝတီတိုင်းထဲမှာဆိုရင် တစ်ချို့သောကျေးရွာတွေက တအိမ်ကို လစဉ် ၃ သောင်းကျပ်ကနေ ၈ သောင်းကျပ်အထိ ကောက်ခံပါတယ်။ အချို့သောကျေးရွာတွေကတော့ လစဉ်ကောက်ခံခြင်းမရှိဘဲ စစ် မှုထမ်းဆင့်ခေါ်တဲ့လရောက်တဲ့အခါ ကျပ် သိန်းချီပြီးတော့ တစ်ပေါင်းတည်းကောက်ခံပါတယ်။