အခုလိုလုပ်ရပ်အပေါ် စိုးရိမ်ကြောင်းနဲ့ အမေရိကန်အစိုးရအနေနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ တောင်ကိုရီးယား အစိုးရက တိုက်တွန်းထားပါတယ်။
၈ ၊ စက်တင်ဘာလ။
ပြီးခဲ့တဲ့ရက်ပိုင်းကဂျော်ဂျီယာပြည်နယ်မှာ စက်ရုံတရုံကို ဝင်ရောက်စီးနင်းမှု အတွင်း ဖမ်းဆီးခံခဲ့ရတဲ့ တောင်ကိုရီးယားနိုင်ငံသား ၃၀၀ ကျော်ကို နေရပ်ပြန်ခေါ်ရေး ညှိနှုင်းဖို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချို ဟွန်
အမေရိကန်ကို ဒီကနေ့ လာရောက်မယ်လို့ သိရပါတယ်။
သောကြာနေ့က အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေဟာ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ ကားဘက်ထရီထုတ်လုပ်ရေး စက်ရုံကို ရုတ်တရက်ဝင်ရောက်စီးနင်းကာ လူပေါင်း ၄၇၅ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီထဲက ၃၀၀ ကျော်က တောင်ကိုရီးယား နိုင်ငံသားတွေပါ။
ဖမ်းဆီးခံရသူတွေဟာ တရားမဝင်အလုပ်လုပ်နေကြတာဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ဆိုပါတယ်။
အဆိုပါ စက်ရုံကို တောင်ကိုရီးယား ကုမ္ပဏီတွေ ဖြစ်ကြတဲ့ Hyundai နဲ့ LG တို့က တည်ဆောက်ထားတာဖြစ်ပြီး
ဂျော်ဂျီယာပြည်နယ်အတွင်း အကြီးမားဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေထဲက တခုလည်း ဖြစ်ပါတယ်။
နိုင်ငံတွင်း တရားမဝင် ရွေ့ပြောင်းမှုတွေကို နှိမ်နင်းဖို့ ကတိပြုထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ အခုလို စီးနင်းမှုမျိုး ဖြစ်ပေါ်လာတာပါ။
အခုလိုလုပ်ရပ်အပေါ် စိုးရိမ်ကြောင်းနဲ့ အမေရိကန်အစိုးရအနေနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ တောင်ကိုရီးယား အစိုးရက တိုက်တွန်းထားပါတယ်။
တောင်ကိုရီးယားအစိုးရဟာ ဖမ်းဆီးခံနိုင်ငံသားတွေကို နေရပ်ပြန်ခေါ်ဖို့ အမေရိကန်နဲ့ ညှိနှိုင်းရာမှာ မနေ့ညက သဘောတူညီမှုရခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဘယ်အချိန်ပြန်ပို့မယ် ၊ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ်အစီအစဉ်တွေကို မသိရသေးပါဘူး။
လက်ရှိမှာတော့ ဒီဖြစ်ရပ်က နိုင်ငံခြားရင်းနှီးမှုပ်နှံမှုတွေကို ထိခိုက်နိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
Ref – BBC