အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သတ်လို့ မိမိတို့ လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ပါတယ်။
၄ ၊ စက်တင်ဘာလ။
ပါကစ္စတန်နိုင်ငံက နိုင်ငံရေး လူထုစုဝေးပွဲ တခုအနီး အသေခံကားဗုံးဖောက်ခွဲမှုကြောင့် လူ ၁၅ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မနေ့က ဘာလိုချီစတန်အမျိုးသားပါတီ ( BNP) အဖွဲ့ဝင်တွေ ရာနဲ့ချီပြီး ကတ်တာမြို့ အားကစားရုံတခုထဲမှာ စုဝေးနေချိန် ကားပါကင်မှာ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တာပါ။
ဒီကနေ့ မနက်မှာတော့ သေဆုံးသူ ၁၅ဦး ထိ တိုးလာပြီလို့ အာဏာပိုင်တွေက ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သတ်လို့ မိမိတို့ လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ပါတယ်။
စုဝေးပွဲကို လုံခြုံရေးအတွက် ရဲအင်အား ၁၂၀ ချထားခဲ့ပြီး တကယ်လို့ ပွဲထဲမှာသာ ဗုံးပေါက်ခဲ့ရင် ပိုပြီး အပျက်အစီးများနိုင်တယ်လို့ ပါကစ္စတန်အစိုးရ တာဝန်ရှိသူ ဟမ်ဇာ ရှာဖ်ကက်က သတင်းထောက်တွေကို ပြောပါတယ်။
အာဖဂန်နစ္စတန် ၊ အီရတ်တို့နဲ့ နယ်စပ်ဖြစ်တဲ့ ဘာလိုချစ်စတန်ပြည်နယ်ဟာ ပါကစ္စတန်ရဲ့ အကြီးဆုံးနဲ့ အဆင်းရဲဆုံးဒေသ ဖြစ်ပါတယ်။
အဆိုပါဒေသမှာ အိုင်အက်စ်အဖွဲ့အပြင် ခွဲထွက်ရေးအုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွါးလေ့ရှိပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ဘာလိုချီစတန်ပြည်နယ်မှာ အိုင်အက်စ်အဖွဲ့က ရွေးကောက်ပွဲရုံးတွေကို ဗုံးခွဲတိုက်ခိုက်လို့ လူပေါင်း ၂၀ကျော် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း ကတ်တာမြို့ ဘူတာရုံတခုမှာ အသေခံဗုံးခွဲမှုကြောင့် လူ ၂၀ကျော်သေဆုံးခဲ့ပြီး The Baloch Liberation Army စစ်သွေးကြွအဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
Ref – BBC