ပြည်ထောင်စု အဆင့် တားမြစ်ခံထားရတဲ့ Green land Cityအိမ်ရာ စီမံကိန်း ဆက်လုပ်နေ


“လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လန ၃၉ မကျတာတွေ အများ ကြီး ရှိနေလို့ အတားခံထားရ တာပါ ၊အခြားစည်းကမ်းချက်တွေနဲ့လည်းမကိုက် ညီဘူး၊ ဒါပေမယ့် ဒီမှာ လက်ရှိအာဏာရှိတဲ့ သူ (ဝန်ကြီးချုပ်)က လုပ်ခွင့်ပြုတယ် ဆိုတော့ဗျာ၊ အောက်ခြေက သူတွေက ဘာပြောလို့ရမှာလဲ”လို့ တိုင်းမြေစာရင်းရုံး ဝန်ထမ်းဟောင်းတဦး က DNA ကိုပြောပါတယ်။

စက်တင်ဘာ၊ ၁။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD )အစိုးရ လက် ထက်ကနေ လက်ရှိအချိန်ထိ ပြည်ထောင်စု အဆင့် မှ တားမြစ်ထားတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ ရှိ Green land Cityအိမ်ရာ စီမံကိန်းကို ဧရာဝတီတိုင်း စစ်ကောင်စီက ပြီးခဲ့တဲ့ ဩဂုတ်အတွင်းကညစတင် ပြီး ဆက်လက်လုပ်ဆောင်ခွင့်ပြုထားပါတယ်။

လယ်ယာယာမြေကို အခြားနည်း အသုံးပြုခွင့် မရရှိသေးပါပဲ ဆောင်ရွက်ခဲ့တာအပြင် လိုက်နာရမယ့် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာစည်းကမ်းတွေ ကတိကဝတ်တွေနဲ့ မညီညွတ်လို့ တားမြစ်ခံခဲ့ရတာဖြစ်ပြီး ပြည်ထောင်စု အဆင့်ကနေ အခုတိုင် ပြန် လည်လုပ်ဆောင်ခွင့်ပြုတာ မရှိသေးပဲ တိုင်းဝန် ကြီးချုပ် ဦးတင်မောင်ဝင်းရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေတာလို့ မြေစာရင်းရုံး နဲ့ နီးစပ်တဲ့သူတွေက ဆိုပါ တယ်။

“လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လန ၃၉ မကျတာတွေ အများကြီး ရှိနေလို့ အတားခံထားရ တာပါ ၊အခြားစည်းကမ်းချက်တွေနဲ့လည်းမကိုက် ညီဘူး၊ ဒါပေမယ့် ဒီမှာ လက်ရှိအာဏာရှိတဲ့ သူ (ဝန်ကြီးချုပ်) က လုပ်ခွင့်ပြုတယ် ဆိုတော့ဗျာ၊ အောက်ခြေက သူတွေက ဘာပြောလို့ရမှာလဲ”လို့ တိုင်းမြေစာရင်းရုံး ဝန်ထမ်းဟောင်းတဦး က DNA ကိုပြောပါတယ်။

တားမြစ်ခံထား ရဆဲဖြစ်တဲ့ Green land City အိမ်ရာ စီမံကိန်းကို ပြန်လည်ပြီး ဆက်လုပ်နိုင်ရေး အတွက် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနဲ့လုံ/နယ် ဝန်ကြီး မိုးမင်းနိုင်တို့ကိုကျပ် သိန်းပေါင်းတသောင်း ကျော် ကာလတန်ဘိုးရှိ မြေကွက် ၁၅ ကွက်ကို လာဘ်ထိုးခဲ့ရတယ် သတင်းတွေ ထွက်ပေါ်နေပေမယ့် DNA အနေနဲ့သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ ဘူး။

ဒါပေမယ့် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် (လန ၃၉) မကျသေးတဲ့ ဝန်ကြီးချုပ် ဦးတင်မောင် ဝင်း နဲ့လုံ/နယ် ဝန်ကြီး မိုးမင်းနိုင်တို့ ပိုင်ဆိုင်တယ် ဆိုတဲ့ မြေကွက်တွေကို မြေပြုပြင်တာ ခြံခတ်တာ အဆောက်အအုံ ဆောက်လုပ်တာတွေ လုပ်နေပြီလို့ Green land Cityအိမ်ရာ စီမံကိန်း အလုပ်သမား အများစုကဆိုပါတယ်။

“ဂရင်းလန်း မှာ မြေဝယ်မယ် အဆောက်အအုံ ဆောက်မယ်ဆိုရင် စည်ပင်လည်း တင်ပြစရာမလိုဘူး မြေစာရင်းရုံးလည်း အကြောင်းကြား ခွင့်ပြုချ က် ယူဖို့မလိုဘူး အခြားမှာဝယ်လို့ကတော့ အစစ်အဆေးတွေ များပြီး ကြာနေရော”လို့ အိမ် ခြံ မြေ အရောင်းအဝယ်လုပ်သူတဦး ကပြောပါတယ်။

Green land Cityအိမ်ယာစီမံကိန်း ဟာ ပုသိမ်မြို့ အမှတ်( ၅ )ရပ်ကွက် မဟာစေတီ လမ်းမကြီး ဘေး ဥမ္မာဒန္တီ ရပ်ကွက် နဲ့ မျက်နှာခြင်းဆိုင်က ဧက ၁၅၀၀ ဝန်းကျင်ရှိ လယ်ယာမြေတွေပေါ် မှာ အိုးအိမ် ညွှန် ချုပ် ရဲ့ ညီဖြစ်သူ ဦးအောင်မင်း ဆိုသူနဲ့ ဧရာဝတီ တိုင်း ထွေ /အုပ် မင်းကြီးဟောင်း ဦးအေးကျော် တို့ က ကြံခိုင်ရေးပါတီ အစိုးရလက်ထက်မှာ စတင် လုပ်ဆောင်ခဲ့တာပါ။

နဝတ လက်ထက်နဲ့ ကြံခိုင်ရေးပါတီ အစိုးရလက်ထက်က ပုသိမ်မြို့နဲ့ အနီးဝန်းကျင်ရှိ ရေကျနောက်စိုက် နဲ့ နွေစပါး နှစ်သီး စိုက်ပျိုးနိုင်ပြီး စပါး ထွက်နှုန်းကောင်းတဲ့ လယ်မြေဧက တသောင်းနီးပါး ကို ဈေးနှိမ်ဖိအားပေးဝယ်ယူပြီး Green land City၊ မြကျွန်းသာ၊ ရွှေမြင့်မိုရ်၊ ရွှေဝတ်မှုံ၊ ဉမ္မာန္ဒီအိမ်ယာနဲ့ စက်မှုဇုန်အိမ်ယာတွေ ဖေါ်ဆောင်ခဲ့တာကြောင့် လယ်ယာလုပ်သားအများအပြား အခြားလုပ်ငန်းတွေကို ပြောင်းရွေ့ လုပ်ကိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။