မူးယစ်ဆေးနဲ့ ငွေမဲခဝါချမှုတွေကြောင့် မြန်မာဘဏ်အကောင့်တွေကို ထိုင်းဖက်ကနေ ပိတ်ချဆိုကာ သတင်းမှားဖြန့်
(Fact-check) DNA/ Akyab Post – The Red Flag
၂၅ရက်၊ ဩဂုတ်လ။
မူးယစ်ဆေး တရားမဝင် မှောင်ခိုရောင်းဝယ်ရေးတွေနဲ့ ငွေမဲခဝါချမှုတွေကြောင့် မြန်မာဘဏ်အကောင့်တွေကို ထိုင်းဘဏ်ကနေ ပိတ်ချလိုက်တယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ အကြောင်းအရာအချို့ဟာ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook ဆိုရှယ်မီီဒီယာမှာ “Pay A YarYar Thee” ဆိုတဲ့အကောင့်ကနေ ဩဂုတ်လ … ရက်နေ့မှာ “မဲဆောက်နဲ့ ဘန်ကောက်က ဘဏ်တွေမှာ ငွေတွေပတ်ထုတ်ပြီး မြဝတီကို ပို့တာ။ အဓိကကတော့ တရသ လနက တွေရဲဲ့ မူးယစ်ဆေးနဲ့ တရားမဝင် မှောင်ခိုရောင်းဝယ်ရေးတွေ အတွက် ရတဲ့ထားတဲ့ ငွေမဲ ခဝါချမှုဖြစါ်တယ်။ ထိုင်းဘက်က လိုက်နေသလို မြန်မာဘက်ကလည်း လိုက်နေတယ်။ ဒီ Case ဖြစ်ပြီးကတည်းက ထိုင်းဘဏ်တွေက မြန်မာ Bank acc တွေကို ပိတ်တာပဲ” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
“Pay A YarYar Thee” အကောက်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/4NEEt
“Pay A YarYar Thee” ဆိုတဲ့ အကောက်ကနေ ဖြန့်ထားတဲ့ ပို့စ်ကို ဖြန့်ဝေထားတဲ့ နေ့ကနေ MFCN အဖွဲ့ဝင်တွေဖြစ်ကြတဲ့ The Akyab Post နဲ့ DNA တို့ကနေ စစ်ဆေးထားတဲ့ ဩဂုတ်လ ၂၅ ရက်နေ့အထိ reaction ပြုလုပ်သူ ၄၄၉ဦး၊ comment ပေးသူ ၈ဦးနဲ့ Share ပြုလုပ်သူ ၅၅ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဒီပို့စ်နဲ့ ပတ်သက်ပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မူးယစ်ဆေး တရားမဝင် မှောင်ခိုရောင်းဝယ်ရေးတွေနဲ့ ငွေမဲခဝါချမှုတွေကြောင့် မြန်မာနိုင်ငံသားတွေဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကို ထိုင်းဖက်ကနေ ပိတ်ချလိုက်တယ်ဆိုတာဟာ မှန်ကုန်မှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားအမျိုးအစား ဖြစ်နေတာကိုတွေ့ရပါတယ်။
သတင်းစိစစ်ချက်
ဖေ့ဘွတ်ခ် စာမျက်နှာမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post နဲ့ DNA Fact Check အဖွဲ့တွေကနေ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ ထိုင်းဘဏ်အကောင့်ပိတ်ခံရဆိုတဲ့ keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ ၂၀၂၅ မေ လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ သတင်းအရ Bangkok Bankက ရေရှည်ဗီဇာ မရှိတဲ့ နိုင်ငံခြားသားတွေ (tourists, expatriates) ရဲ့ဘဏ်အကောင့်တွေကို ယာယီ ပိတ်ထားခဲ့ပြီး အဲ့ဒီလုပ်ဆောင်ချက်တွေကြောင့် ရုရှားခရီးသွားတွေရဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ခြင်း ကိုခံနေရတယ်ဆိုတာကို ရေးသားထားပါတယ်။
သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.thaiexaminer.com/thai-news-foreigners/2025/05/29/bangkok-bank-closing-accounts-held-by-foreigners-without-long-term-visas-russian-tourists-up-in-arms/
ဒါ့အပြင် Thai Nexus သတင်းဌာနကနေလည်း Bangkok Bank အပါအဝင် ထိုင်းဘဏ်တွေက နိုင်ငံခြားသားတွေရဲ့ ဘဏ်အကောင့်ဖွင့်တာနဲ့ အကောင့်ထိန်းသိမ်းခြင်းဆိုင်ရာ စည်းမျဥ်းတွေကို တင်းကြပ်စွာလိုက်နာနေပြီ၊ အဲ့ဒီလိုလုပ်ဆောင်ရတဲ့ရည်ရွယ်ချက်မှာ ဘဏ်ပိုင်းဆိုင်ရာ လိမ်လည်တာကိုတားဆီးတာဖြစ်တယ်ဆိုတဲ့အကြောင်း ရေးသား ဖော်ပြထားပါတယ်။
Thai Nexus ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://thainexus.co.th/en/bangkok-bank-account-freezes-a-simple-guide-for-foreigners/
Thailand Business News ရဲ့ ၂၀၂၅ ဇွန်လ သတင်းအရ၊ ထိုင်းဘဏ်တွေ (အထူးသဖြင့် Bangkok Bank) က နိုင်ငံခြားသားတွေရဲ့ ဘဏ်အကောင့် ဖွင့်တာနဲ့ အကောင့်ထိန်းသိမ်းခြင်းဆိုင်ရာ စည်းမျဉ်းတွေကို တင်းတင်းကြပ်ကြပ် လိုက်နာနေတယ်ဆိုတာကို ရေးသားထားပါတယ်။https://www.thailand-business-news.com/banking/223641-thai-banks-tighten-regulations-on-foreigners-accounts
ထိုင်းဘဏ်တွေဖက်ကနေ ဘဏ်အကောင့်တွေကို ခေတ္တယာယီပိတ််ချတာဟာ မြန်မာနိုင်ငံသား ဘဏ်အကောင့်တွေကိုပဲ ပိတ်ချတာမဟုတ်ဘဲ ထိုင်းနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတိုင်းကို ပိတ်ထားတယ်ဆိုတာကို တွေ့ရပါတယ်။
သုံးသပ်ချက်
Facebook လူမှုကွန်ရက်မှာ “Pay A YarYar Thee” ဆိုတဲ့ အကောက်ကနေ ဩဂုတ်လ … ရက်နေ့မှာ ဖြန့်ထားတဲ့ မူးယစ်ဆေး တရားမဝင် မှောင်ခိုရောင်းဝယ်ရေးတွေနဲ့ ငွေမဲခဝါချမှုတွေကြောင့် မြန်မာနိုင်ငံသားဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကို ထိုင်းဘဏ်ကနေ ပိတ်ချဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ ထိုင်းဖက်ကနေ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငဲသားဘဏ်အကောင့်တွေကိုပဲ ပိတ်တာမဟုတ်ပဲ ထိုင်းနိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားအကောင့်တိုင်းကို ပိတ်ထားတာဖြစ်ပါတယ်။
“Pay A YarYar Thee” ဆိုတဲ့ အကောင့်ကနေ ဖြန့်ထားတဲ့ အကြောင်းအရာဟာ လုပ်ကြံရေးသားပြီးတော့ ရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်ပြီးတော့ ထိုင်းဖက်ကနေ ဘဏ်အကောင့်တွေကို ပိတ်ချတာနဲ့ ပတ်သက်ပြီး ထင်မြင်စွပ်စွဲချက်တွေနဲ့ သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို အတည်ပြုဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ The Akyab Post Fact Checkအဖွဲ့ကိုလည်း Facebook page တွေ ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #Akyabpost_factcheck #Akyabpost #FactCheck #MFCN