တတိယမြောက်နေ့တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ

နယ်စပ်ဧရိယာ သုံးခုကနေ ထိုင်းပိုင်နက်ထဲဝင်လာတဲ့ ကမ္ဘောဒီးယားစစ်သားတွေကို ထိုင်းတော်ဝင်ရေတပ်က ပြန်လည်တိုက်ထုတ်နိုင်ခဲ့လို့ သတင်းမှာ ဖော်ပြထားပါတယ်။

၂၆ ၊ ဇူလိုင်လ

ဒီနေ့ဇူလိုင်လ ၂၆ရက်နေ့ ဒေသစံတော်ချိန် မနက်၅ နာရီကျော်မှာ ကမ္ဘောဒီးယားဘက်က စတင် ပစ်ခတ်ပြီးနောက် ထိုင်းတော်ဝင်ရေတပ်က Trat Pikhart Pairee 1 စစ်ဆင်ရေးကို စတင်လိုက်တယ်လို့ Khaosod English ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။

ဒီနေ့မနက်အစောပိုင်း နယ်စပ်ဧရိယာ သုံးခုကနေ ထိုင်းပိုင်နက်ထဲဝင်လာတဲ့ ကမ္ဘောဒီးယားစစ်သားတွေကို ထိုင်းတော်ဝင်ရေတပ်က ပြန်လည်တိုက်ထုတ်နိုင်ခဲ့လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဇူလိုင် ၂၄ရက်နေ့ကတည်းက စတင်ခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်တိုက်ပွဲဟာ ဒီကနေ့ သုံးရက်မြောက်နေ့မှာတော့ ထိုင်းနိုင်ငံ ထရက်တ်ပြည်နယ်အထိရောက်ရှိလာပါတယ်။

ထရက်တ်ပြည်နယ် Baan Chamrak ဧရိယာမှာ ကမ္ဘောဒီးယားစစ်သားတွေက ပစ်ခတ်ပြီးနောက် ထိုင်းဘက်က ချန်သာဘူရီနဲ့ ထရက်တ်နယ်စပ်တပ်ဖွဲ့တွေက ပြန်တိုက်နေတယ်လို့ သိရပါတယ်။

မနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးပြီးနောက် ထိုင်းနဲ့ ချက်ချင်း အပစ်အခက်ရပ်ဖို့ ကမ္ဘောဒီးယားဘက်က တောင်းဆိုထားပြီး ထိုင်းဘက်ကလည်း ဆွေးနွေးမှုတွေပြုလုပ်ဖို့ လိုလားတယ်လို့ Bangkok Post သတင်းတခုက ဆိုထားပါတယ်။