AI ဓာတ်ပုံသုံးပြီးတော့ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့တဲ့အမျိုးသမီးစစ်သည်ဆိုကာ သတင်းအမှားဖြန့်

AI ဓာတ်ပုံသုံးပြီးတော့ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့တဲ့အမျိုးသမီးစစ်သည်ဆိုကာ သတင်းအမှားဖြန့်

(FactCheck) Akyab Post+DNA-The RedFlag

ဇူလိုင်လ၊ ၂၂ရက်။

 

AI ဓာတ်ပုံသုံးပြီးတော့ တော်လှန်ရေးအတွက် ပေးဆပ်အနစ်နာခံခဲ့တဲ့ အမျိုးသမီးစစ်သည်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေဟာ Facebook ဆိုရှယ်မီဒီယာစာမျက်နှာထက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

 

အဲ့ဒီအကြောင်းအရာကို “Øm Pdŷ” ဆိုတဲ့ ဖေ့စဘုတ်အကောင့်ကနေ ၂၀၂၅ ဇူလိုင်လ ၁၉ ရက်နေ့မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီးMFCN အဖွဲ့ဝင်တွေ အချက်လက်စစ်ဆေးတဲ့အချိန်မှာ Reaction ပြုလုပ်သူ 58 K ထိရှိပြီးတော့၊ Comment ပေးသူ 2.8 k နဲ့ Shares ပြုလုပ်သူ 839 ဦး အထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံံ့လျက်ရှိပါတယ်။ 

 

ဒီပျံ့နှံ့နေတဲ့ပို့စ်မှာ အဲ့ဒီလက်ဆုံးရှုံးသွားတဲ့ရဲဘော်တယောက်အနေနဲ့ စားဝတ်နေရေးအဆင်မပြေကြောင်း၊ လက်တဖက်ဆုံးရှုံးသွားပေမယ့်လည်း တိုင်းပြည်အတွက်ပေးဆပ်ထားတာဖြစ်တာကြောင့် ဂုဏ်ရှိကြောင်းကိုလည်းရေးသားဖော်ပြထားပြီးတော့ လက်ပြတ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံနဲ့အတူ ရေးသားဖြန့်ဝေထားပါတယ်။

 

ပို့စ်အပြည့်အစုံ – https://archive.ph/2QKYY 

 

ဒီပျံ့နှံ့နေတဲ့အကြောင်းရာကို MFCN အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Akyab Post Fact Checkအဖွဲ့ နဲ့  DNA Fact Check အဖွဲ့တို့ကနေ စစ်ဆေးခဲ့လိုက်တဲ့အခါ တော်လှန်ရေးမှာ ပါဝင်လို့ ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ ပုံမဟုတ်ပဲ AI နဲ့ ပြုလုပ်ထားတဲ့ ဓာတ်ပုံသာဖြစ်နေတာကို တွေ့ရှိရပါတယ်။ 

 

သတင်းစိစစ်ချက်

 

ပျံ့နှံ့နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး  Google reverse image search tools၊ Invalid Search Tools အပါအဝင် Fotoforensics tool တွေက်ို အသုံးပြုပြီးတော့ အချက်လက်စစ်ဆေးခဲ့ပါတယ်။ 

 

Google reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဒီပုံဟာ google ရဲ့ AI နဲ့ ပြုလုပ်ထားတယ်ဆိုတာကို ဖော်ပြနေပြီးတော့ ဒီအကြောင်းအရာကိုပဲ ဇူလှိုင်လ ၁၈ ရက်နေ့မှာ ထိုင်းဆိုရှယ်မီဒီယာအကောက်တစ်ခုဖြစ်တဲ့ “Daily 24H”ကနေ ထိုင်းဘာသာစကားနဲ့ ရေးသားပြီးဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။ 

 

Daily 24H ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://www.facebook.com/permalink.php?story_fbid=pfbid0j2J929gVPazyaPYsb5vcPAmNhUEMq8FFibwN2uWYGXQRjs2mSFWTbZMRDDLXwokml&id=61555610887136 

 

Daily 24H ကနေ ထိုင်းဘာသာစကားနဲ့ရေးတင်ထားတဲ့ အကြောင်းအရာအတိကျကိုပဲ Øm Pdŷ​အကောက်ကနေ ဘာသာပြန်ကူးယူဖော်ပြထားတာကဖြစ်ပြီး Daily 24H မှာတင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံဟာ Google AI နဲ့ ပြုလုပ်ထားတာဖြစ်တယ်ဆိုတာကို ထိုင်းဆိုရှယ်မီဒီယာအကောက်တွေကနေလည်း ပြန်လည်ရေးသားထားကြပါတယ်။ 

 

https://www.facebook.com/AnalysisDo/posts/pfbid0L76kuUoWCukURjsv3qeDVWRT9aEt6PBiMa5yVBe6cgxD7BE1y4mYJo1S8jFJaE1Vl 

 

https://www.facebook.com/share/p/16eTkdzFkJ/ 

 

ဓာတ်ပုံတွေကို စိစစ်စစ်ဆေးတဲ့  Fotoforensics tool နဲ့ အသေးစိတ်အချက်အလက်သိရှိရဖို့ စစ်ဆေးကြည့်တဲ့အခါမှာလည်း ရှုပ်ထွေးနေပြီးတော့ ဒီဓာတ်ပုံဟာ Google AI နဲ့ ပြုလုပ်ထားတဲ့ ဓာတ်ပုံဖြစ်တဲ့အကြောင်းကို ဖော်ပြနေပါတယ်။​

 

https://fotoforensics.com/analysis.php?id=b8aa7b7c7a096ced1c5d209ea13a39dcecde1e7c.73712&show=ela 

 

ဒါ့အပြင် အဲ့ဒီဓါတ်ပုံရဲ့ ဘယ်ဘက်ပြင်ထောင်အိမ်ဘေးနားမှာလည်း “ Content Co-authored with AI Products” လို့လည်းတွေ့ရတာကြောင့် AI နဲ့ပြုလုပ်ထားတဲ့ ဓါတ်ပုံဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။ 

 

သက်သေပြချက် 

 

ရရှိထားတဲ့ အချက်အလက်တွေ၊ စိစစ်စစ်ဆေးထားတဲ့ အချက်အလက်တွေအပါအဝင် ဆိုရှယ်မီဒီယာပေါ်မှာ တုံ့ပြန်ရေးသားကြတဲ့ အချက်အလက်တွေကို အတည်ပြုရရင်  Øm Pdŷ ကနေ တင်ထားတဲ့ ပုံဟာ google AI ကို သုံးပြီးတော့ ပြုလုပ်ထားတဲ့ ပုံဖြစ်နေပါတယ်။​

 

လက်ရှိမှာ AI နည်းပညာထွန်းကားလာတာနဲ့ အတူ AI ပုံတွေကို သုံးပြီးတော့ တော်လှန်ရေးနဲဲ့ ဆက်စပ်ပြီးတော့ ရေးသားတားတဲ့ ပိုစ့်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာပါ ဆိုရှယ်မီဒီယာတွေမှာပါ ပျံံ့နှံ့လျက်ရှိပါတယ်။ 

 

အခြားတစ်ဖက်မှာလည်း AI နည်းပညာကို အသုံးချပြီးတော့ ငွေကြေးလိမ်လည်မှုတွေ အပါအဝင် တော်လှန်ရေးနဲ့ ပတ်သက်ပြီး အမုန်းစကားတွေနဲ့ သတင်းတုသတင်းမှားတွေပါ ဆက်တိုက် ပျံံ့နှံံ့နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားဆင်ခြင်ပြီးမှ အကြောင်းအရာတွေကို လက်ခံကြဖို့ လိုပါတယ်။ 

 

စာဖတ်သူများအနေဖြင့်လည်း သတင်းတု၊ သတင်းအမှားများ၊ စစ်ဆေးပေးစေလိုသော သံသယဖြစ်ဖွယ် သတင်းအချက်အလက်များ၊ မှန်ကန်သည့်သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုသော အကြောင်းအရာများအား Myanmar Fact Checking Network နှင့် Myanmar Fact Checking Network အဖွဲ့ဝင်များဖြစ်သော KIC နှင့် Real or Not တို့၏ မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးရန် အကူအညီတောင်းနိုင်သည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ၏ အချက်အလက် စစ်ဆေးထားသော သတင်းများကိုလည်း အောက်ဖော်ပြပါ လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web-https://myanmarfactcheckingnetwork.org/…/myanmarfactche…