နှစ်နှစ်အရွယ် မိန်းကလေးအပါအဝင် ရန်ကုန်ပြန် သုံးဦးမှာ ကိုဗစ်ရောဂါတွေ့

၆ ၊နိုဝင်ဘာလ၊၂၀၂၀။

ဒီနေ့မနက်စာရင်းအရ ဖျာပုံမြို့မှာ (၂)အရွယ်မိန်းကလေးတစ်ဦး အပါအဝင် COVID-19အတည်ပြုလူနာ(၃)ဦး တွေ့ရှိခဲ့တယ်လို့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဇင်မာစိုးကပြောပါတယ်။

ရန်ကုန်တိုင်းကပြန်လာသူတွေထဲက ဖျာပုံမြို့နယ် ၊ သမိန်ထော ကုန်းတန်းကျေးရွာအုပ်စုနေ အသက်(၂)နှစ်အရွယ် မိန်းကလေး တစ်ဦး ၊ သဲအိမ်တမံကျေးရွာအုပ်စုနေ အသက်(၃၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဇင်းဘောင်ကျေးရွာအုပ်စုနေ အသက်(၃၀)နှစ်အရွယ် အမျိုးသားတစ်ဦးတို့မှာ COVID-19ရောဂါစစ်​ဆေးတွေ့ရှိခဲ့တယ်လို့ပြောပါတယ်။

ရန်ကုန်ပြန်တွေကို ဖျာပုံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနဲ့ ဖျာပုံတမံ အထက်တန်း​ကျောင်းမှာ အသွားအလာကန့်သတ်ထားပြီး ယနေ့မနက်စာရင်းအရ ကွာရန်တင်းဝင်နေသူ (၂၂၇)ဦး ရှိပါတယ်။

ပိုးတွေ့လူနာစာရင်းအရ ဖျာပုံမြို့နယ်အတွင်း (၉၈)ဦးရှိပြီး အဲဒီထဲက (၈၉)ဦဟား ကျန်းမာရေးပြန်ကောင်းလို့ ဆေးရုံဆင်းသွားပြီး ကျန်(၉)ဦး ကုသမှုခံယူနေတယ်လို့သိရပါတယ်။