“ ရွာကဆိုင်ကယ်တွေကလည်း အစုတ်တွေများတော့ တချို့ဆိုရင် လိုင်စင်တောင် ဝင်မရတော့တဲ့ဟာ တွေပါ။ လိုင်စင်ရှိတဲ့ ဘီးကျတော့လည်း တခုခုနဲ့ပြောပြီးဖမ်းပြန်ရော။ ဘာသွားလုပ်စားမလဲ” လို့ ဘိုကလေးမြို့နယ် မလော့ကျေးရွာအုပ်စုမှာ နေထိုင်သူက ပြောပါတယ်။
၁၈၊ဇွန်လ။
လိုင်စင်မဲ့စက်တပ်ယာဉ်တွေကို စစ်ကောင်စီကပိတ် ဆို့ဖမ်းဆီးနေတာကြောင့် ဧရာဝတီတိုင်း ၊ ဘိုက လေးမြို့ပေါ်နဲ့ ဘိုကလေးမြို့နယ်ထဲက ကျေးရွာတွေအကြားမှာရှိတဲ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေ ထိခိုက်နစ်နာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာကနေဘယ်သူမှမလာတော့ မြို့ကဈေးသည် တွေလည်း မရောင်းရဘူး။ ငုပ်တုတ်ငိုက်နေကြတာ။ တောကလူတွေအတွက်ကြတော့လည်း မြို့ကိုကုန် စည်မပို့နိုင်တော့ အဆင်မပြေဘူး” လို့ ဘိုကလေးမြို့မှာရှိတဲ့ ဈေးသည်တဦးက ပြောပါတယ်။
ဘိုကလေးမြို့မဈေးမှာဆိုရင် နေ့လည် ၃ နာရီထိုးတာနဲ့ လူမရှိတော့ဘူးလို့လည်း သူကဆက်ပြောပါ တယ်။ ဘိုကလေးမြို့မှာ စာရေးကိရိယာပစ္စည်းတွေ အတော်အသင့်ရောင်းချရပေမယ့်လည်း စားသောက်ကုန်နဲ့ အဝတ်အထည်ရောင်းချမှုအပိုင်းမှာ သိသိသာသာလျော့ကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘိုကလေးမြို့နယ်ထဲက ကျေးရွာတွေမှာ နေထိုင်သူတွေဟာ သား ၊ ငါးတွေကို မနက် ၅ နာရီအရောက် မြို့ပေါ်ပို့ဆောင်ပြီးတော့ ရွာအတွက်လိုအပ်တာဝယ်ယူပြီး ပြန်ကြတာပါ။ အဓိကကတော့ ဆိုင်ကယ် ကို အားကိုးပြီးသွားလာကြတာ လို့ ဒေသခံဈေးသည်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘိုကလေးမြို့နဲ့ ချိတ် ဆက်ထားတဲ့ မော်ကျွန်းလမ်း ၊ ကဒုံလမ်း ၊ စက်စု လမ်း ၊ ဖျာပုံလမ်းတွေကနေ ပိတ်ဆို့ဖမ်းဆီးတာကြောင့် ဒေသခံတွေရဲ့သွားလာရေးခက်ခဲသွားရတာပါ။ စစ်ကောင်စီတပ်ဟာ နေ့စဉ်ဖမ်းဆီးတာမဟုတ်ဘဲ ရက်ခြားဖမ်းဆီးတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
“ ရွာကဆိုင်ကယ်တွေကလည်း အစုတ်တွေများတော့တချို့ဆိုရင် လိုင်စင်တောင် ဝင်မရတော့တဲ့ဟာ တွေပါ။ လိုင်စင်ရှိတဲ့ဘီးကျတော့လည်း တခုခုနဲ့ပြောပြီးဖမ်းပြန်ရော။ ဘာသွားလုပ်စားမလဲ”လို့ဘိုက လေးမြို့နယ်မလော့ကျေးရွာအုပ်စုမှာ နေထိုင်သူကပြောပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁ ရက်နေ့ကစတင်ပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘိုကလေးမြို့နယ်မှာ လိုင်စင်မဲ့စက် တပ်ယာဉ်တွေကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
“ဖမ်းမိရင် ထောင် ၃ လနဲ့ ငွေ ၃ သိန်းလို့ ပြောတယ်။ ဒါပေမယ့် လည်း လူလွှတ်အောင် ပိုက်ဆံပေးပြီး ဆိုင်ကယ်တော့ ထားခဲ့ရတာပေါ့”လို့ဒေသခံက ပြောပါတယ်။
လိုင်စင်မဲ့စက်တပ်ယာဉ်တွေဖမ်းဆီးတဲ့နောက်ဆက် တွဲအနေနဲ့ ဆိုင်ကယ်ကယ်ရီခဈေးနှုန်းတွေဟာ ၆ ထောင်ကျပ်ကျသင့်တဲ့နေရာမှာ ၁ သောင်းကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။
“ဆေးခန်းလာပြတဲ့လူ တွေဆိုရင်လည်း လာချင်တဲ့အချိန်မလာရဘူး။ ပုန်းကွယ်သွားရတာတွေ ဒုက္ခ ရောက်တယ်”လို့အထက်ပါဒေသခံကဆက်ပြောပါတယ်။
#ဧရာဝတီတိုင်းဒေသကြီး #ဘိုကလေး #ယာဉ်ဖမ်းဆီးမှု #များလာ #ကူးသန်းရောင်းဝယ်ရေး #အခက်တွေ့ #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH