“ တိုက်ပွဲမှာသေဆုံးမှုကိုအချိန်၅လကျော်ကြာမှအကြောင်းကြားတာနဲ့ပတ်သက်လို့လည်းမိသားစုအပါအဝင်မကျေနပ်ဖြစ်နေကြတယ်လို့ကာယကံ ရှင်နဲ့နီးစပ်သူဦးကပြောပါတယ်။”
၁၇၊ဇွန်။
ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က စစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ လူငယ်တဦး တိုက်ပွဲမှာသေဆုံးသွားတာကို အချိန် ၅ လကျော်ကြာမှ မိသားစုဝင် တွေကို စစ်ကောင်စီက အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
စစ်မှုထမ်းစုဆောင်းခံရသူဟာ တပ်သားအဆင့်နဲ့ ရှမ်းပြည်တောင်ပိုင်း ၊ မိုးနဲမြို့နယ်ကျိုင်းတောင်းမြို့ ခမရ ၅၆၉ မှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။ သူဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ သေဆုံးခဲ့တာလို့ စစ် ကောင်စီရဲ့ အကြောင်းကြားစာထဲမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း မိသားစုဝင်တွေကိုတော့ ဇွန်လ ၁၃ ရက်နေ့ နေ့စွဲပါ စာနဲ့အတူ သေဆုံးကြောင်းအသိ ပေးခဲ့တာပါ။ တိုက်ပွဲမှာ သေဆုံးမူကို အချိန် ၅ လကျော်ကြာမှအကြောင်းကြားတာနဲ့ပတ်သက်လို့လည်း မိသားစုအပါအဝင်မကျေနပ်ဖြစ်နေကြတယ်လို့ကာယကံရှင်နဲ့နီးစပ်သူဦးကပြောပါတယ်။
လပွတ္တာမြို့နယ်ထဲကနေစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့လူငယ်သေဆုံးမှုကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေတဆင့် ခလရ ၉၃ (မြောင်းမြ) ကိုအကြောင်းကြားပြီးနောက်မြို့နယ်ထွေအုပ် (လပွတ္တာ) ကနေ ကာယကံရှင်တွေဆီကို အဆင့်အဆင့်ဖြတ်သန်းပြီးအသိပေးခဲ့တာလည်းဖြစ်ပါတယ်။
ခမရ ၅၆၉ မှာ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရတဲ့စစ်မှုထမ်းလူငယ်နဲ့ပတ်သက်လို့ ကျေးရွာအမည် နဲ့ လူအမည်တွေကိုတော့ ခွင့်ပြုချက်မရရှိခဲ့လို့ DNAအနေနဲ့ ဖော်ပြနိုင်ခြင်းမရှိခဲ့ပါဘူး။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို မတရားပြဌာန်းပြီးတဲ့နောက် လူငယ်တွေကို စစ်သင်တန်းပေးခဲ့တာ အမှတ်စဉ် ၁၄ အထိ ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ ဧရာဝတီတိုင်းကတော့ စစ်မှု ထမ်းဆင့်ခေါ်တာအများဆုံးဒေသတခုလည်းဖြစ်ပါတယ်။
#ဧရာဝတီတိုင်းဒေသကြီး #လပွတ္တာမြို့နယ် #စစ်မှုထမ်းလူငယ် #သေဆုံးမှု #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH