“အမေရိကန်က စုစုပေါင်း သွင်းကုန်အခွန် ၅၅ရာခိုင်နှုန်းနဲ့ တရုတ်က ၁၀ရာခိုင်နှုန်းပါ ၊ ကျွန်တော်တို့ ဆက်ဆံရေး အင်မတန်ကောင်းပါတယ်။” သမ္မတထရမ့်ကလည်း သူ့ရဲ့ လူမှုကွန်ရက် Truth Social မှာရေးသားဖော်ပြခဲ့ပါတယ်။
၁၂ ၊ ဇွန်
အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ တရုတ်က သံလိုက်နဲ့ မြေရှားသတ္တုပို့ပေးပြီး အမေရိကန်ကောလိပ်နဲ့ တက္ကသိုလ်တွေမှာ တရုတ်ကျောင်းသားတွေကို ပညာသင်ခွင့်ပြုဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၁၁ရက်နေ့မှာ ပြောခဲ့ပါတယ်။
လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂ရက်တာ ဆွေးနွေးပွဲမှာ အမေရိကန်အနေနဲ့ တရုတ်သွင်းကုန်တွေအပေါ်မှာ ၅၅ရာခိုင်နှုန်းကောက်ခံဖို့နဲ့ အမေရိကန်သွင်းကုန်တွေကို တရုတ်က ၁၀ရာခိုင်နှုန်းကောက်ခံဖို့ သဘောတူညီခဲ့ကြတယ်လို့ အိမ်ဖြူတော်အရာရှိတဦးက ပြောပါတယ်။
“အမေရိကန်က စုစုပေါင်း သွင်းကုန်အခွန် ၅၅ရာခိုင်နှုန်းနဲ့ တရုတ်က ၁၀ရာခိုင်နှုန်းပါ ၊ ကျွန်တော်တို့ ဆက်ဆံရေး အင်မတန်ကောင်းပါတယ်။” သမ္မတထရမ့်ကလည်း သူ့ရဲ့ လူမှုကွန်ရက် Truth Social မှာရေးသားဖော်ပြခဲ့ပါတယ်။
ဇန်နဝါရီလမှာ သမ္မတဒေါ်နယ်ထရမ့်တက်လာပြီးနောက် ကမ္ဘာ့စီးပွားရေးအင်အားကြီးဖြစ်ကြတဲ့ အမေရိကန်နဲ့ တရုတ်အကြား အပြန်အလှန် အခွန်စည်းကြပ်မှုအပါအဝင် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေအပေါ် အကြီးအကျယ်ရိုက်ခတ်ခဲ့ပါတယ်။
စမတ်ဖုန်းတွေ အီလက်ထရစ်ကားတွေ ထုတ်လုပ်ရာမှာ အင်မတန်အရေးပါတဲ့ မြေရှားသတ္တုတင်ပို့မှုတွေကို တရုတ်က ကန့်သတ်ခဲ့သလို အမေရိကန်ကလည်း တရုတ်ကျောင်းသားတွေကို အမေရိကန်မှာ ပညာသင်ခွင့်ဗီဇာရပ်ဆိုင်းတာတွေ ပြုလုပ်ခဲ့တာပါ။
အဲ့ဒီနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေကို ဖြေလျော့ဖို့ မေလမှာ ပထမအကြိမ်နဲ့ အခု ဇွန်လ ၂ရက်နေ့နဲ့ ၃ရက်နေ့မှာ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပြီးနောက် အခုလို သဘောတူညီချက် ထွက်လာတာ ဖြစ်ပါတယ်။
Ref – Reuters/ BBC