တပတ်အတွင်း မိုးလေဝသ သတင်း ဘင်္ဂလား ပင်လယ်အော်အတွင်း မုတ်သုန်လေ အားကောင်းနေဆဲ

“ ရေကတော့ တက်မှာပါဘဲ ၂၀၂၄ တုန်းက(မနှစ်က) တက်တဲ့ level တွေအထိတော့ မရောက်နိုင်ဘူးလို့ သုံးသပ်မိပါတယ် ”လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

၃၊ဇွန်လ။

မိုးလေဝသဖြစ်စဉ်တွေအရ ဒီရက်သတ္တပတ်အတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ မိုးများမယ့် အခြေအနေ မရှိသေးပါဘူး။

ဇွန်လ ဒုတိယပတ်ထဲမှာ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်ချေတွေရှိနေတယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားကြပါ။ အချိန် အနည်းငယ် စောနေသေးတာကြောင့် စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။

ဒါပေမယ့် ဇွန်လ ဒုတိယပတ်ဟာ လက်ရှိ မြန်မာ နိုင်ငံအထက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေက ရေတွေဟာ မြစ်ကြောင်းတလျှောက် စီးဆင်းလာပြီး မြစ်ဝကျွန်းပေါ် ဒေသကို ရောက်လာမယ့် အချိန်ဝန်းကျင် ဖြစ်နေပါတယ်။

ဒါ့အပြင် ဒီရေတွေ ဆင်းလာချိန်ဟာ ရေထရက် (ဒီရေတက်ရက်) နဲ့ ဆုံနိုင်ချေ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက် တွေလည်း ရှိနေပါတယ်။

တဖက်မှာလည်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အတွင်းမှာ မုတ်သုန်လေ ကလည်း အားကောင်းနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီရက်သတ္တပတ် အတွင်းမှာ ရာသီဥတု သာယာနိုင်တယ် ဆိုပေမယ့် မိုးလေဝသ ဖြစ်စဉ် တွေကို စဉ်ဆက်မပြတ် စောင့်ကြည့်နေဖို့တော့ လိုပါတယ်။

မိုးဇလပညာရှင် ဦးဝင်းနိုင် ကတော့ လက်ရှိ မိုးလေ ဝသဖြစ်စဉ်တွေအပေါ် ခြုံငုံပြီး ဧရာဝတီတိုင်းနဲ့ ပတ်သက်လို့ “ ရေကတော့ တက်မှာပါဘဲ ၂၀၂၄ တုန်းက(မနှစ်က) တက်တဲ့ level တွေအထိတော့ မရောက်နိုင်ဘူးလို့ သုံးသပ်မိပါတယ် ” လို့ မှတ်ချက် ပြုထားပါတယ်။

ရက်သတ္တပတ်စာ ဇွန် ၃ ရက်ကနေ ဇွန် ၉ ရက်အထိ ဒေသအလိုက် မိုးလေဝသ ခန့်မှန်းချက်

ပုသိမ် – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ တပတ်အတွင်း ခန့်မှန်းချက်တွေအရ မိုးအနည်းငယ် ကနေ အသင့်အတင့်ရွာနိုင်ပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

ညောင်တုန်း – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အ တင့် ရွာသွန်းဖို့ ရှိပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

အင်္ဂပူ – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ဒီရက် သတ္တပတ်အတွင်း မိုးအနည်းငယ်ရွာသွန်းမယ့် ရက်တွေရှိပေမယ့် အများအားဖြင့် သာယာနိုင်ပါတယ်။

ဟင်္သာတ – ဒီကနေ့ကနေ ဇွန် ၅ ရက်အထိ မိုးအနည်းငယ်ရွာသွန်းဖို့ရှိနေပြီး ကျန်ရက်တွေမှာတော့ ရာသီဥတု သာယာနိုင်ပါတယ်။

မအူပင် – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ တပတ်အတွင်း ခန့်မှန်းချက်တွေအရ မိုးအနည်းငယ် ကနေ အသင့်အတင့်ရွာနိုင်ပေမယ့် မိုးများဖို့မရှိနိုင်သေးပါဘူး။

ဖျာပုံ – ဒီရက်သတ္တပတ်လုံး မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။

မြန်အောင် ၊ ကြံခင်း – ဒီရက်သတ္တပတ်အတွင်း အများအားဖြင့် ရာသီဥတုသာယာနိုင်ချေရှိပါတယ်။ အချို့နေ့တွေမှာ မိုးအနည်ငယ် ရွာသွန်းနိုင်ချေရှိပါတယ်။

ဘိုကလေး – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အ တင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

ကန်ကြီးဒေါင့် – ဒီကနေ့မှာ ရာသီဥတု သာယာနိုင် ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အ တင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

ဒေးဒရဲ – ဒီရက်သတ္တပတ်လုံး မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

ကျိုတ်လတ် – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အ တင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

မော်လမြိုင်ကျွန်း – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

ဝါးခယ်မ – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အ တင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

ကျုံပျော် – မိုးအနည်းငယ် ရွာသွန်းနိုင်ချေရှိပေမယ့် ရက်သတ္တပတ်တခုလုံး အများအားဖြင့် သာယာနိုင်ပါတယ်။

ဟိုင်းကြီးကျွန်း – ဒီကနေ့ကနေ မေ ၅ ရက်ထိ ရာသီဥတု သာဘာနိုင်ပေမယ့် ကျန်နေ့တွေမှာ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။ မိုးတိမ်တောင်တွေ ရှိနေတာမို့ လေပြင်းတိုက်ခတ်မှုတွေလည်း ရှိနိုင်ပါတယ်။

လပွတ္တာ – ဒီကနေ့နဲ့ မနက်ဖြန်မှာ ရာသီဥတု သာယာနိုင်ပေမယ့် ကျန်နေ့တွေမှာ မိုးအနည်းငယ် ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။ မိုးတိမ်တောင်တွေ ရှိနေတာမို့ လေပြင်းတိုက်ခတ်မှုတွေလည်းရှိနိုင်ပါတယ်။

မြောင်းမြ – ဒီကနေ့နဲ့ မနက်ဖြန်မှာ ရာသီဥတု သာယာနိုင်ပေမယ့် ကျန်နေ့တွေမှာ မိုးအနည်းငယ် ကနေ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

ဓနုဖြူ – ဒီရက်သတ္တပတ်လုံး မိုးအနည်ငယ် ရွာ သွန်းဖို့ရှိပါတယ်။ မိုးတိမ်တောင်တွေ ရှိနေတာမို့ တခါတရံမှာ မိုးထစ်ချုန်းတာတွေ လေပြင်းတိုက်ခတ် တာတွေ ရှိနိုင်ပါတယ်။

ကျုံတနီး – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အ တင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

ရေကြည် – မိုးအနည်းငယ် ရွာသွန်းနိုင်ချေရှိပေမယ့် ရက်သတ္တပတ်တခုလုံး အများအားဖြင့် သာယာနိုင်ပါတယ်။

အသုတ် – မိုးအနည်းငယ် ရွာသွန်းနိုင်ချေရှိပေမယ့် ရက်သတ္တပတ်တခုလုံး အများအားဖြင့် သာယာနိုင်ပါတယ်။

ကျုံမငေး – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အ တင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့မရှိနိုင်သေးပါဘူး။

ကျောင်းကုန်း – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

ဇလွန် – ဒီကနေ့ကနေ မေ ၅ ရက်ထိ မိုးအနည်းငယ် ရွာသွန်းနိုင်ပြီး ကျန်နေ့တွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။

ပန်းတနော် – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အ တင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

အိမ်မဲ – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့မရှိနိုင်သေးပါဘူး။

ငသိုင်းချောင်း – မိုးအနည်းငယ် ရွာသွန်းနိုင်ချေရှိပေမယ့် ရက်သတ္တပတ်တခုလုံး အများအားဖြင့် သာယာနိုင်ပါတယ်။

လေးမျက်နှာ – ရက်သတ္တပတ်တခုလုံး အများအားဖြင့် သာယာနိုင်ပါတယ်။

ဆားမလောက် – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

ပြင်စလူ – ဒီကနေ့ကနေ မေ ၅ ရက်ထိ ရာသီဥတု သာယာနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ မိုးအသင့် အတင့် ရွာသွန်းနိုင်ပါတယ်။

ချောင်းသာ – ဒီရက်သတ္တပတ်လုံး မိုးအနည်းငယ်မှ အသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

ငွေဆောင် – ဒီကနေ့ကနေ မေ ၅ ရက်ထိ ရာသီဥတု သာယာနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ မိုးအသင့် အတင့် ရွာသွန်းနိုင်ပါတယ်။

ငရုတ်ကောင်း – ဒီကနေ့နဲ့ မနက်ဖြန်မှာ ရာသီဥတု သာယာနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ မိုးအနည်း ငယ်ကနေ မိုးအသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

သာပေါင်း – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အ တင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့ မရှိနိုင်သေးပါဘူး။

ဒေါ်ငြိမ်းရွာ – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အ တင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့မရှိနိုင်သေးပါဘူး။

ငပုတော – ဒီကနေ့နဲ့ မနက်ဖြန်မှာ ရာသီဥတု သာယာနိုင်ပေမယ့် ကျန်နေ့တွေမှာတော့ မိုးအနည်းငယ်ကနေ မိုးအသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

မယ်ဂျာရွာ – ဒီကနေ့မှာ ရာသီဥတု သာယာနိုင်ပေမယ့် မိုးတိမ်တောင်တွေတော့ ရှိနေနိုင်ပါတယ်။

ကျန်ရက်တွေမှာ မိုးအနည်းငယ်ကနေ အသင့်အတင့် ရွာသွန်းဖို့ရှိပေမယ့် မိုးများဖို့မရှိနိုင်သေးပါဘူး။

#တပတ်တာ #မိုးလေဝသ #ဧရာဝတီတိုင်းဒေသကြီး #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH