၁ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စု၊ ရွှေတချောင်းကျေးရွာမှာ အမျိုးသမီးတစ်ဦးက နှိပ်ခိုင်းတဲ့ ခင်ပွန်းဖြစ်သူကို ဓားနဲ့ ခုတ်သတ် တဲ့အမှု အောက်တိုဘာ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူ အသက် ၃၈နှစ်အရွယ် ဦးထွန်းထွန်းလင်းကို အသက် ၃၅နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်သီသီအေးက ဓါးမနဲ့ ခုတ်သတ်ခဲ့တာပါ။ ထမင်းအိုးတည်နေချိန်မှာ ခင်ပွန်းက ထပ်မံ နှိပ်ခိုင်းရာက စကားများ ရန်ဖြစ်ပြီး ဇနီးဖြစ်သူက ဓါးမနဲ့ ခုတ်သတ်ခဲ့တာလို့ မအူပင်မြို့မ ရဲစခန်းမှ တာဝန်ရှိရဲအရာရှိ ပြောပါတယ်။
“ယောက်ျားဖြစ်သူက သူ့မိန်းမကို နှိပ်ခိုင်းတော့ ဟိုကနှိပ်ပေးတယ်။ နောက်တော့ ထမင်းအိုးတည်နေတုန်း ထပ်နှိပ်ခိုင်းရာမှာ မိန်းက နှိပ်မပေးဘူးပြောတော့ သူ့မိန်းမခေါင်းကို ယောက်ျားက လက်သီးနဲ့ထိုးတယ်။ ပြီးတော့ ဓားမနဲ့ခုတ်ဖို့လုပ်တဲ့အချိန်မှာ သူ့မိန်းမကနေ ဓားမကိုပြန်လုပြီးတော့ ခုတ်တာပါလို့ စစ်ဆေးပေါ်ပေါက်တယ် “လို့ ရဲအရာရှိက ဆက်ပြောပါတယ်။
ခင်ပွန်းသည်ကို ဓါးဖြင့် ခုတ်သတ်ကြောင်း ထွက်ဆို ဝန်ခံတဲ့ ဒေါ်သီသီအေးကို လက်ရှိမှာ ဖမ်းဆီးထိမ်းသိမ်းထားပြီး မအူပင်မြို့မရဲစခန်း က ရာဇာသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)နဲ့ အမှုရေးဖွင့် စစ်ဆေးနေပါတယ်။