ငသိုင်းချောင်း အိုင်သပြုလမ်းပေါ်မှာ စစ်ဆေးရေးဂိတ်တခု ထပ်မံချထား

“ကားတွေကို အဓိက ထားစစ်တယ်” လို့ ငသိုင်းချောင်းမြို့မှာ နေထိုင်သူက DNA ကို ပြောပါတယ်။

၂၁၊မေ လ။

စစ်ကောင်စီဟာ လေးမျက်နှာမြို့နယ်နဲ့ ငသိုင်းချောင်းမြို့အကြား ကားလမ်းမပေါ်မှာ စစ်ရေးဂိတ်တခုကို မေလ ၁၅ ရက်နေ့ကတည်းက ထပ်မံချထားလိုက်ပြီလို့ ဒေသခံတဦးက ပြောပါတယ်။

“အဖွင့်အပိတ်နဲ့ တံခါးလုပ်ထားတာ။ မောင်းလိုမျိုးလား။ အဲလိုဟာနဲ့” လို့ စစ်ဆေးရေးကို ဖြတ်သန်းခဲ့တဲ့ ဒေသခံက ပြောပါတယ်။ အသစ်တိုးချဲ့လိုက်တဲ့ စစ်ဆေးရေးဂိတ်မှာ စစ်သားနဲ့ ရဲအင်အား ၁၅ ယောက် လောက် နေ့စဉ်ရှိပါတယ်။

“ကားတွေကို အဓိက ထားစစ်တယ်” လို့ ငသိုင်းချောင်းမြို့မှာ နေထိုင်သူက DNA ကို ပြောပါတယ်။ ငသိုင်းချောင်းမှာ အရင်က ရေနံသာစစ်ဆေးရေးဂိတ်နဲ့ ငဝန်တံတားကြီးကစစ်ဆေးရေးဂိတ်ဆိုပြီး နှစ်ခုရှိ ခဲ့ပါတယ်။

ရေနံသာစစ်ဆေးရေးဂိတ်က ရခိုင်ပြည်နယ် ဂွမြို့လမ်းကြောင်းကို အဓိက စစ်ဆေးတာပါ။

“ရေနံသာက ပုသိမ် – မုံရွာ လမ်းကြီးပေါ်မှာ ရဲတွေစစ်တဲ့ဂိတ်။ စစ်သားတွေ စစ်တဲ့ ဂိတ်က ၃၄၄ အမြှောက်တပ်ထွက်တဲ့လမ်းမှာ” လို့ ဒေသခံက ပြောပါတယ်။

သုံးခုမြောက်တိုးချဲ့ခဲ့တဲ့ စစ်ဆေးရေးဂိတ်က လက်ရှိအချိန် တိုက်ပွဲတွေပြင်းထန်နေတဲ့ လေးမျက် မျက်နှာမြို့နယ်နဲ့ ငသိုင်းချောင်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ တည်ရှိပါတယ်။

“ငသိုင်းချောင်း အဆုံး မဲဇလီကိုထွက်တဲ့ တံတားနားမှာ” လို့ စစ်ဆေးရေး ဂိတ်တည်နေရာကို ဒေသခံကပြောပါတယ်။

ဒီနေရာက လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်း ပုသိမ် – မုံရွာ ကားလမ်းအနီးက တိုက်ပွဲရှောင် ပြည်သူတွေ အိုင်သပြုဘက်ကို ရှောင်တိမ်းတဲ့အခါမှာ အသုံးများတဲ့ လမ်းပိုင်းတခုလည်း ဖြစ်ပါတယ်။ ငသိုင်းချောင်းမြို့အပိုင်ထဲမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကတော့ လူဝင် လူထွကတွေကို စစ်ဆေးတဲ့အ ပြင် ကုန်စည်တွေ ကူးသန်းတာကိုလည်း စစ်ဆေးကန့်သတ်တယ်လို့ သိရပါတယ်။