မြစ်ဝကျွန်းပေါ်ဒေသ မိုးဦးကာလ မိုးများမည်

 

ဧပြီ ၉

မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေအရ ဧပြီ၊ မေ၊ ဇွန်လတွေမှာ ဆက်တိုက်မိုးရွာသွန်းဖို့ရှိနေပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်အတွက် ခန့်မှန်းချက်ဟာ ယခင်နှစ်ကထက် မိုးရွာသွန်းမှု ပိုများနိုင်တယ်လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က DNA ကိုပြောပါတယ်။

“ ရွာနိုင်တဲ့ မိုးရေချိန်သည် ဧရာဝတီတိုင်း အနေနဲ့ ပြောမယ်ဆိုရင် နှစ်စဉ်ရွာသွန်းမြဲထက် ၂၀ မီလီလီတာကနေပြီးတော့ ၅၀ မီလီလီတာအထိတောင်မှ ပိုပြီးတော့ မိုးများနိုင်တယ်လို့ တွေ့ထားတယ် ” လို့ တွေ့ရှိချက်ကို ပြောပြပါတယ်။

မိုးများနိုင်တာကြောင့် စိုက်ပျိုးတောင်သူတွေနဲ့ ဆားတောင်သူတွေ အခက်တွေ့နိုင်ပေမယ့် လေတိုက်နူန်းပြင်းထန်မှာမျိုး မတွေ့ရသေးတဲ့အတွက် ပင်လယ်နဲ့ မြစ်ချောင်းတွေထဲမှာ အလုပ်လုပ်ကြတဲ့ ရေလုပ်သားတွေအတွက်တော့ အန္တရာယ်မရှိနိုင်ဘူးလို့ ဆိုပါတယ်။

ယခု ၃ လတာ ခန့်မှန်းချက်ဟာ ကြိုတင်ခန့်မှန်းချက်သာဖြစ်ပြီး ပြောင်းလဲသွားနိုင်ချေရှိပေမယ့် လက်ရှိထားချက်တွေအရ ဧရာဝတီမြစ်ဝကျွန်းပေါ်က ပြည်သူတွေ ကြိုတင်တွက်ဆနိုင်ဖို့အတွက် DNA ရဲ့ မေးခွန်းတွေကို ဦးဝင်းနိုင်က ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။