မြန်မာကမ်းရိုးတန်းဒေသတွေ ဆူနာမီအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်သင့်ပြီ

 

ဧပြီ ၃

မတ်လ ၂၈ ရက်မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့အနီးလှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင် ကြောင့်ထိခိုက်သေဆုံးပျက်စီးဆုံးရှုံးတာတွေ များ ပြားခဲ့ပါတယ်။လက်ရှိအချိန်အထိလည်း ကူညီကယ်ဆယ်ရေးတွေကို နိုင်ငံတကာအပါအဝင်ဆောင် ရွက်နေရဆဲဖြစ်ပြီး နောက်ဆက်တွဲငလျင် တွေ ထပ်မံလှုပ်ခတ်နေဆဲဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ကည ၁၁ နာရီဝန်းကျင်မှာ ဧရာဝတီ တိုင်း ဖျာပုံမြို့အနီး ပင်လယ်ကို ဗဟိုပြုပြီး ပြင်းအား အဆင့် ၅ ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားခဲ့ပါသေးတယ်။ မြန်မာ့ ကမ်းရိုးတန်းဒေသတွေအတွက် ဆူနာမီသက်ရောက်မှု အခြေအနေက စိုးရိမ်စရာ အခြေအနေ ရှိနိုင်လားဆိုတာကို DNA က မြန်မာနိုင် ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဌဟောင်းနဲ့ င လျင်ပညာရှင်ဒေါက်တာမျိုးသန့်ကို မေးမြန်းခဲ့ပါတယ်။

ဒေါက်တာမျိုးသန့် – “ဆူနာမီကတော့ အခု စစ်ကိုင်းပြတ်ရွေ့က လှုပ်တဲ့ငလျင်နဲ့တော့ တိုက်ရိုက် ပတ်သက်မှု မရှိဘူးပေါ့။သို့သော်လည်းပဲ ကမ္ဘာ့မြေထုချပ် တွေရဲ့ အချင်းချင်း တွန်းထိုးလှုပ်ရှားမှုနဲ့ကတော့ ဆက်ဆိုင်နေတာပေါ့ ။ ကျွန်တော်တို့ မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသတလျှောက်ကပေါ့လေ ကျွန်တော်တို့ ငလျင်ဇုံ တခုရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အန္ဒိယ ပင်လယ် သမုဒ္ဒရာနဲ့ ဖွဲ့စည်းထားတဲ့ မြေထုချပ်ပေါ့လေ။ အင်ဒီယန် အိုးရှန်းနစ်ပလိပ်ကာ က ဒီဘားမားပလိပ်ပေါ့လေ အရှေ့ဘက်က မြန်မာကုန်းတွင်းပိုင်းနဲ့ ဖွဲ့စည်းထားတဲ့ မြေထုချပ်ရဲ့ အောက်ကို စိုက်ဝင်နေတာ ။တောက်လျှောက် စိုက်ဝင်နေတာ။ အမှန်တကယ်တော့ ကျွန်တော် တို့ အဲ့ဒီ ဖြစ်စဉ်ကပဲ အဲဒီက စစ်ကိုင်းပြတ်ရွေ့ပေါ် မှာ အားတွေကလည်း စုနေတဲ့ သဘောရှိတာပေါ့ ။ အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်ပေါ်ကို တွန်းတိုက်နေတဲ့ နှုန်းက 3 to 4 စင်တီမီတာပါ ရီးယားလောက်ရှိတာကို အဲဒီထဲက တဝက်ကျော်ကျော် လောက်ပေါ့လေ 2 စင်တီမီတာ ပါရီယားလောက်က စစ်ကိုင်းပြတ်ရွေ့ပေါ်ကို သက်ရောက်နေတယ်။ ဒီနည်းနဲ့ပဲ စစ်ကိုင်းပြတ်ရွေ့က အားတွေစုပြီး ငလျင် လှုပ်တာပေါ့လေ။ ဆို‌တော့ ဆူနာမီ ဖြစ်နိုင်တဲ့ ငလျင်တွေက ဘယ်ကပဲ လှုပ်နိုင်လည်းဆိုတော့ အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်ကို စိုက်ဝင်နေတဲ့ ဖြစ်စဉ်ကြောင့်တော့ လှုပ်နိုင်တယ်။ အဲ့ဒီတော့ နောက်ဆုံး ဒီရခိုင်ကမ်းရိုးတန်းဒေသမှာ လှုပ်ခဲ့တာက ၁၇၆၂ က နောက်ဆုံးလှုပ်ခဲ့တာပေါ့နော် ။ ဆိုတော့အခါကျတော့ အဲဒီကနေပြီးတော့ တောင်ဘက်ဆက်သွားမယ် ဆိုတဲ့အခါကျတော့ ဆူမတ်တြားပေါ့လေ။ ဆူမတ်တြားငလျင် ၂၀၀၄ ထင်တယ် ။အဲဒီ ဆူမတ်တြားငလျင်ကနေ ဆူနာမီ ဖြစ်ခဲ့တယ်။ အဲဒီ ဆူမတ်တြားဘက်ကနေပြီးတော့ မြန်မာပေါ့ အဲဒီ အနောက်ဘက်ကမ်းရိုးတန်း ဒေသ အဲဒီငလျင် ကြောကတော့ ဆူနာမီ ဖြစ်နိုင်တဲ့ ငလျင်တွေ လှုပ် ကောင်း လှုပ်လာနိုင်တယ်။ဒါမျိုးလေး‌တော့ ကျွန် တော်တို့ သတိထားဖို့လိုတယ်။ အဲဒီတော့ ၁၇၆၂ က နောက်ဆုံး လှုပ်ခဲ့တယ်။ အခု ၂၀၂၅ ဆိုတော့ ဆူနာ မီဖြစ်နိုင်တဲ့ ငလျင်ကြီးတွေ လှုပ်မယ်ဆိုလည်း အဲဒီဘက်က ဖြစ်နိုင်ခြေ ပိုမြင့်လာတယ် ပြောရမှာပေါ့ ။
သို့သော်လည်းပဲ အရမ်းကြီး ကြောက်နေတာမျိုး မဟုတ်ပဲနဲ့ အဲဒီ ရခိုင်ကမ်းရိုးတန်းတို့ နောက်တခါ တနင်္သာရီတို့ ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်တို့ ၊ ဒီဒေသက လူတွေ အနေနဲ့တော့ ဆူနာမီနဲ့ပါတ်သက်တဲ့ င လျင်နဲ့ ပါတ်သက်တဲ့ ဟာလေးတွေ ကြိုတင် ပြင်
ဆင် ထားကြရင်တော့ ကောင်းတာပေါ့နော်။
ကျွန်တော်ထင်တယ် အဲဒီ ကမ်းရိုးတန်းဒေသတွေမှာ ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်တို့ စသဖြင့်ပေါ့လေ ၂၀၀၈ နာဂစ်တုန်းက ဟိုဘာခေါ်မလဲ ဖြစ်ထားဘူးတယ် ။ စတောင်းဆိုက် ပေါ့လေ မုန်တိုင်းနဲ့ ကျွန် တော်တို့ ပင်လယ်ရေတွေ ဒီ ပင်လယ်ဘက်ကရေတွေ ကမ်းရိုးတန်းဘက်ကို ရိုက်ခတ်ခဲ့ဖူးတာတွေ ရှိတယ် ။ဆိုတော့ အဲဒါပြီးတဲ့ အချိန်မှာ ကျွန်တော်ထင်တယ် သူတို့ ပြင်ဆင်မှုတွေတော့ အတန်အသင့် လုပ်ထားကောင်း လုပ်ထားကြလိမ့်မယ်လို့ ကျွန် တော် ယူဆမိတယ်။ ဆိုတဲ့အခါကျတော့ ဆူနာမီနဲ့ ပါတ်သက်တဲ့ ဟာတွေ အဲဒီကမ်းရိုးတန်း ဒေသတလျှောက်က ပြည်သူတွေပေါ့ ခုန ကျွန်တော်ပြောလိုက်တဲ့ တနင်္သာရီပေါ့ ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ရခိုင် စသည်ဖြင့်ပေါ့ အဲဒီ ပင်လယ်နဲ့ ဆက်စပ်နေတဲ့ ပြည်သူတွေကတော့ ဒါလေးကို သတိထားကြပါ ။ အသိပေါ့လေ ။အဲဒီတော့ ဆူနာမီဖြစ်လို့ရှိရင် ကိုယ့် ဒေသတွေပေါ့လေ အဲဒီခေတ်ကလို ဆိုင်ကလုန်း ရှပ်တာတွေ ဆောက်ထားပြီးသားလို့ ယူဆမိတယ်။ အဲဒီဒေသတွေသည် ဆူနာမီ လာခဲ့မယ်ဆိုရင် အသုံးပြုနိုင်မယ့် ရှပ်တာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ် ပေါ့ ။ အဲဒီတော့ ဒါလေးတွေ ကျွန်တော်တို့ ပြင်ဆင် ထားကြရင် ကောင်းမယ်ပေါ့။”