ငလျင်သင့်ချိန် လေကြောင်းတိုက်ခိုက်မှုကို ငြင်းဆိုနေပြီး တော်လှန်ရေးဘက်ကသာ ထိုးစစ်ဆင် နေတယ်လို့ စစ်ကောင်စီဝါဒဖြန့်
( Fact-check) Lagon Eain, DNA, The Red Flag
၂၀၂၅ ခုနှစ်၊ ဧပြီလ၊ ၁ရက်။
ငလျင်ကာလအတွင်း စစ်ကောင်စီဘက်ကနေ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတာမျိုးမရှိသလို၊ ဒေသကာကွယ်ရေးတပ်တွေက ငလျင်ကယ်ဆယ်ရေးအတွက်လာရောက်ကူညီတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့တွေကို ခြုံခိုတိုက်ခိုက်တာတွေလုပ်နေတာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ငြင်းဆိုနေပါတယ်။
အဲ့ဒီငြင်းဆိုချက်ကို စစ်ကောင်စီလော်ဘီ “ဘညွန့်” ရဲ့ တယ်လီဂရမ် ချန်နယ်မှာ ဖော်ပြထားတာကို တွေ့ရပြီး အလားတူ ဖော်ပြချက်များကို အဆင့်ဆင့် ကူးယူဖော်ပြ နေကြတာတွေကိုလည်း တွေ့ရပါတယ်။
မတ်လ ၃၁ ရက်နေ့အထိ ကြည့်ရှုသူ ၇ ထောင်ကျော်နဲ့ Reaction ၃၀၀ ကျော်ရှိတဲ့ ဘညွန့် ချန်နယ်က ဖော်ပြထားတဲ့ ပိုစ့်ကို http://archive.today/9O321 ဒီမှာကြည့်ပါ။
အဲ့ဒီငြင်းဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ Lagon Eain Fact Check အဖွဲ့နဲ့ DNA Fact Check အဖွဲ့က အချက်လက်စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ၊ ၂၈ နေ့ ၇.၇ ပြင်းအားရှိ ငလျင်လှုပ်ခတ်စဥ် အတွင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာကို တွေ့ရှိခဲ့ရတာပါ။
သတင်းစိစစ်ချက် ☑️
ငလျှင်သင့်ချိန်အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ သတင်းတွေကို အောက်ပါ သတင်းလင့်တွေမှာ ဖတ်နိုင်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်လင်ရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ၊ ၂၈ရက်၊ နေ့လည် ၁နာရီဝန်းကျင်မှာပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်တွေပျက်ဆီးဆုံးရှုံးခဲ့ရတယ်ဆိုတာကို ရှမ်းမြောက်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Shwe Phee Myay- ရွှေဖီမြေသတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။
Shwe Phee Myay- ရွှေဖီမြေသတင်းဌာနမှာ – https://www.facebook.com/share/p/18vtcaPiXc/
မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတွေကို စစ်ကောင်စီဘက်က မတ်လ ၃၀ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ DVB သတင်းဌာနကရေးသားဖော်ပြထား DVB – https://www.facebook.com/share/p/1DTfrirB1a/
မကွေးတိုင်း၊ ပေါက်မြို့နယ်က ငလျင်ဒဏ် ခံခဲ့ရတဲ့ ရွာသစ်ကုန်း ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ဗုံးကြဲ ခဲ့တဲ့အပြင် မြေပြင်စစ်ကြောင်းကလည်း ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်းကို DVB သတင်းဌာနက ဖော်ပြထား – https://burmese.dvb.no/post/697825
ငလျင်ဘေး ကြုံတွေ့နေရချိန်မှာ မြို့နယ် ၇ ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေရဲ့ အတည်ပြုချက်နဲ့ Mizzima သတင်းဌာနက ဖော်ပြထား – https://shorturl.at/EBq2x
ငလျင်ဘေးအကြီးအကျယ်သင့်နေချိန် စစ်ကောင်စီတပ် ထိုးစစ်မရပ်တဲ့အကြောင်း Myanmar Now သတင်းဌာနမှာရေးသားဖော်ပြထား – https://shorturl.at/Ka7a9
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကလည်း မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့အထိ ထိုးစစ်အားလုံး ရပ်ဆိုင်းထားဖို့နဲ့ ငလျင်ဘေးသင့် ပြည်သူများကို အကူအညီ ပေးကြဖို့ PDF နဲ့ ပကဖ အဖွဲ့တွေကို ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။
NUG – https://www.facebook.com/share/p/1XU8Q8sJzj/
ဒါ့အပြင် ကယ်ဆယ်ရေးလာတဲ့ ယာဥ်တန်းတွေကို ဒေသကာကွယ်ရေးတပ်တွေက ခြုံခိုတိုက်ခိုက်တယ်ဆိုတဲ့ သတင်းမှားတွေကို စစ်ကောင်စီဘက်ကနေ ဓါတ်ပုံအဟောင်းတွေကိုအသုံးပြုပြီး စနစ်တကျဖြန့်ဝေခဲ့ပေမယ့် MFCN အဖွဲ့ဝင်တွေက စစ်ဆေးနိုင်ခဲ့ပါတယ်။
စစ်ဆေးနိုင်ခဲ့တဲ့ သတင်းလင့်တွေကို အောက်မှာကြည့်ပါ။
သုံးသပ်ချက် ☑️
လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာနတွေရဲ့ အတည်ပြု ဖော်ပြချက်တွေအရ စစ်ကောင်စီက ငလျင်ဘေး သင့်နေချိန်မှာ ဗုံးကြဲတိုက်ခိုက်မှုများနဲ့ ထိုးစစ်တွေကို ဆက်လက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
တဖက်မှာလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့် လော်ဘီတွေဟာ တော်လှန်ရေး တပ်ဖွဲ့တွေက ကယ်ဆယ်ရေး လုပ်နေသူတွေကို တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဓါတ်ပုံအဟောင်းတွေကို အသုံးပြုပြီး ဝါဒဖြန့်တာတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
“ငလျင်ဘေး သင့်နေချိန်မှာ လေကြောင်းတိုက်ခိုက်မှု မလုပ်ဆောင်ခဲ့ဘူး ဆိုတာနဲ့ တော်လှန်ရေး တပ်ဖွဲ့ တွေကသာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်” ဆိုတဲ့ ဖော်ပြချက်က စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းမှား အကြောင်းအရာသာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ Lagon Eain Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork