၂၃၊မတ်
လွန်ခဲ့တဲ့နှစ်ပေါင်း သုံးလေးဆယ်လောက်က
ကလေးတွေဟာ ခုခေတ်ကလေးတွေလိုအင်တာ
နက်ဂိမ်းတွေ မကစားတတ်သေးပါဘူး။ရုပ်မြင်
သံကြားတောင်အိမ်တိုင်းမရှိတော့ ကလေးတွေ
ဟာအိမ်ပြင်ထွက် ဆော့ကစားရင်ကစား ဒါမှမ
ဟုတ်ရင် ကာတွန်းစာအုပ်ကလေးတွေဖတ်ပြီးအ
ပျင်းဖြေကြပါတယ်။
ကလေးတွေအများဆုံးဖတ်တဲ့စာစောင်က
ရွှေသွေးဂျာနယ်ဖြစ်ပါတယ်။တစ်ပါတ်တစ်ကြိမ်
ထုတ်ပြီး ရောင်စုံပုံနှိပ်ထုတ်ဝေပါတယ်။ကလေး
တွေဟာ ရွှေသွေးဂျာနယ်ထဲက ကာတွန်းဇာတ်
လမ်းတွေကိုဖတ်ရူရင်း ကာတွန်းဇာတ်ကောင်တွေနဲ့ရင်းနှီးကျွမ်းဝင်လာပါတယ်။ရွှေသွေးဂျာ
နယ်ခေတ်မှာ ထင်ရှားတဲ့ကာတွန်းဆရာများကတော့ ကာတွန်းဦးဘကြည်၊ကာတွန်းဦးအောင်
ရှိန်၊ကာတွန်းဦးဖေသိန်း၊ကာတွန်းဦးကျော်ဆန်း
ကာတွန်းတင်အောင်နီ၊ကာတွန်းငွေကြည်၊ကာ
တွန်းမောင်မောင်၊ကာတွန်းမြေဇာ၊ကာတွန်းအောင်အောင်၊ ကာတွန်းပိုးဇာတို့ဖြစ်ပါတယ်။
ကာတွန်းဦးအောင်ရှိန်ရဲ့ ဦးကပ်စီး၊ဦးစိတ်တိုနဲ့မျောက်ညို၊ကာတွန်းဦးဖေသိန်းရဲ့အီစွတ်ပုံပြင်
များ၊ကာတွန်းတင်အောင်နီရဲ့ ပြာဂလောင်ပြာလ
ချောင်၊ကာတွန်းအောင်အောင်ရဲ့ရွှေဂေါင်းပြောင်
ကာတွန်းပိုးဇာရဲ့ မောင်မောင်ဇာ၊လေးမွန်၊ထွေးမွန် စတဲ့ကာတွန်းဇာတ်ကောင်တွေဟာကလေးတွေရဲ့ ရင်ထဲအသဲထဲစွဲမြဲခဲ့ရတဲ့ ကာတွန်းဇာတ်
ကောင်တွေဘဲဖြစ်ပါတယ်။
ကာတွန်းဇာတ်ကောင်တွေဟာစာဖတ်သူကို
ရယ်ရွှင်ကြည်နူးစေသလို ဗဟုသုတနဲ့အသိဉာဏ်
ကိုလည်းဖွံ့ဖြိုးတိုးတက်စေပါတယ်။
လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က ဟင်္သာတမြို့
ကျောက်တော်ကြီးဘုရားရှေ့မှာရွှေဝါထွန်းဆိုတဲ့
စာအုပ်အငှားဆိုင်ကလေးရှိပါတယ်။နေ့စဉ်စာအုပ်ငှားသူတွေနဲ့စည်ကားနေတတ်ပါတယ်။စာအုပ်စာရင်းမှတ်သူက ကဗျာဆရာဟင်္သာတ
မောင်နွယ်ထွဋ်ပါ။တစ်နေ့သားမှာ စာအုပ်ဆိုင်ထဲ
ကဗျာဆရာနဲ့လူတစ်ယောက်စာပေအကြောင်း
တွေဆွေးနွေးနေပါတယ်။ကဗျာဆရာထိုင်တဲ့စာ
အုပ်ဆိုင်ဆိုတော့ စာပေသမားတွေလာတာမဆန်းပေမဲ့ အဲဒီနေ့ကဗျာဆရာ မိတ်ဆက်ပေးသူ
ကတော့ စာပေသမားမဟုတ်ဘဲ ပြာဂလောင်
ပြာလချောင်တို့ရဲ့ဖခင် ကာတွန်းတင်အောင်နီ
ဖြစ်နေပါတော့တယ်။
ငယ်စဉ်က ပြာဂလောင်ပြာလချောင်နဲ့သူငယ်
ချင်းဖြစ်ခဲ့ရပြီး ကြီးတော့ပြာလောင်ရုပ်ပြစာအုပ်ကိုမလွတ်တမ်းဖတ်တတ်တဲ့သူဟာ ကိုယ့်
ရှေ့မှာ သူတို့ကိုမွေးဖွားပေးလိုက်တဲ့သူတို့ရဲ့ဖခင်
ကိုတွေ့ရတဲ့အခါ ဝမ်းသာသွားပြီး ပထမဆုံးကြည့်မိတာက ကာတွန်းတင်အောင်နီရဲ့မျက်နှာ
ကိုပါ။ပြာဂလောင်နဲ့တူလား၊ပြာလချောင်နဲ့တူမလား၊ပြာလောင်နဲ့တူလားစသည်ဖြင့်အထပ်ထပ်
အခါခါကြည့်နေမိပါတော့တယ်။ကဗျာဆရာက
မင်းဘာတွေကြည့်နေတာလဲဆိုကာမှ အသိဝင်ပြီး ဘာမှမကြည့်ပါဘူး လို့ပြောလိုက်ရပါတယ်။
ငယ်ငယ်တုန်းကတော့ ကာတွန်းဦးအောင်ရှိန်
ကို ဦးစိတ်တိုနဲ့တူမယ်လို့ထင်ခဲ့မိတာပေါ့။ကာတွန်းအောင်အောင်ကိုလည်းရွှေဂေါင်းပြောင်
နဲ့တူမယ်ထင်သလို ကာတွန်းပိုးဇာကိုလည်း
မောင်မောင်ဇာနဲ့တူမယ်ထင်ခဲ့မိတာပါဘဲ။
ဇာတ်ကောင်ကို ကာတွန်းဆရာကမွေးဖွားပေး
လိုက်တာဖြစ်ပေမဲ့ ဇာတ်ကောင်နဲ့ကာတွန်းဆရာ
ဟာသွေးမတော်သားမစပ်သလို ဇာတ်ရုပ်တွေဟာလည်းသက်မဲ့တွေဖြစ်တယ်ဆိုတာ ကြီးမှ
နားလည်သဘောပေါက်ရပါတယ်။ ကလေးဘဝ
မှာ ကာတွန်းဇာတ်ကောင်တွေရဲ့လွှမ်းမိုးမှုအ
ကြောင်းပြောချင်တာပါ။
ကာတွန်းတင်အောင်နီရဲ့အမည်ရင်းကဦးတင်
အောင်ဖြစ်ပါတယ်။၁၉၄၅ခုနှစ် ဒီဇင်ဘာ၂၂ရက်
နေ့မှာ ဧရာဝတီတိုင်း မအူပင်မြို့မှာမွေးဖွားပါတယ်။ကာတွန်းပညာကို ကာတွန်းဦးမောင်လွင်
(ငတက်ဖျား)နဲ့ ကာတွန်းဦးသိန်းဟန်တို့ထံမှာသင်ကြားခဲ့ပါတယ်။၁၉၆၄ ခုနှစ်မှာ ကာတွန်းစုံ
စာစောင်မှာ ကာတွန်းဖော်ပြခံရပြီး ကာတွန်း
လောက ကိုဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ကလေး
တွေဖတ်တဲ့ ပြာဂလောင်ပြာလချောင်စာအုပ်တွေ
အောင်မြင်သလို လူငယ်လူကြီးတွေဖတ်တဲ့ပြာ
လောင်ရုပ်ပြတွေဟာလည်း ရုပ်ရှင်ရိုက်ရတဲ့အထိအောင်မြင်ခဲ့ပါတယ်။
လူ့လောကသာယာလှပဖို့အတွက် သေနတ်
ကျည်ဆံတွေ၊ဗုံးသံတွေမလိုအပ်ဘဲ ကာတွန်း
ဇာတ်ကောင်တွေရဲ့ ပျော်ရွှင်ကြည်နူးစေမှုကလည်းအဓိက လိုအပ်ချက်တစ်ခုမဟုတ်လားဗျာ။
#ပြာဂလောင် #ပြာဂချောင် #ရွှေသွေး #ဂျာနယ် #ဧရာဝတီအယ်ဘမ် #Podcast #DeltaNewsAgency