ဖေဖော်ဝါရီလ၊ ၃ရက်။
(Fact Check) DNA / The Red Flag
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ရက်နေ့က ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေက NLDပါတီ အားပေးထောက်ခံသူတွေဖြစ်ပြီး ပြစ်မှုကနေထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေဖြစ်တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီသတင်းမှားကို စစ်ကောင်စီအားပေးထောက်ခံ လော်ဘီချန်နယ်တခုဖြစ်တဲ့ နေပြည်တော်ချန်နယ်ကနေ “ ထိုင်းနိုင်ငံတာ့ခ်ခရိုင်၊ဖုပ်ဖရမှာ မြန်မာ့နီပိတ်တရားမဝင်ခိုးဝင်ဝရမ်းပြေး၂၁ယောက်တိတိကိုထိုင်းအဖွဲ့စုံကဒီနေ့ဇန်နဝါရီ၂၉မနက်အစောပိုင်းမှာဖမ်းဆီးရမိခေါင်းစွပ်အုပ်ထားကြောင်းအတည်ပြုဖော်ပြထားပါတယ်။” (မူရင်းအတိုင်း) ရေးသားမျှဝေထားပြီး တခြားလော်ဘီချန်နယ်တွေမှာလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာပါ။
သတင်းမှားလင့်ခ် – https://archive.ph/QmpxN
အဲ့ဒီပျံ့နှံ့လာတဲ့ သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တယ် DNAFactCheck အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ NLDအားပေးထောက်ခံသူတွေဖြစ်တယ်ဆိုတဲ့အကြောင်းအရာက မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
☑️သတင်းစိစစ်ချက်
ထိုင်း-မြန်မာ နယ်စပ်အထူးစီမံချက်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုဖရမြို့နယ်၊ ဟွိုင်နမ်နက်ရွာက အိမ်တလုံးမှာ ဘန်ကောက်ကိုသွားရောက်အလုပ်လုပ်ကိုင်မယ့် အမျိုးသား ၁၅ယောက်နဲ့ အမျိုးသမီး ၆ယောက်တို့ကိုဖမ်းမိခဲ့တာဖြစ်တယ်ဆိုတာကို မဲခေါင်သတင်းဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ရက်ကရေးသားထားတာကို ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။
မဲခေါင်သတင်းဌာန – https://rb.gy/f7cz7j
အဲ့ဒီဖမ်းဆီးခံခဲ့ရတဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေက မြန်မာနိုင်ငံကတဆင့် ဘန်ကောက်မြို့နဲ့ စမုပရာကန်မြို့တွေမှာသွားရောက်အလုပ်လုပ်ကိုင်ကြမယ့်သူတွေဖြစ်ပြီး အဲ့ဒီလိုလုပ်ကိုင်နိုင်ဖို့အတွက် ပွဲစားခ တယောက်ကို ၁၈၀၀၀ဘတ် (၂၃၈၇၂၆၇ကျပ်နီးပါး) ဆီပေးခဲ့ရတယ်ဆိုတာကိုလည်း ထိုင်းနိုင်ငံအခြေစိုက်မီဒီယာတခုဖြစ်တဲ့ Top News သတင်းဌာနကလည်းရေးသားထားပါသေးတယ်။
Top News – https://www.topnews.co.th/news/1162460
ဒါ့အပြင် စိတ်ကြွမူးယစ်ဆေးပြား၃၅လုံးကို ဘောပင်ခွံထဲမှာထည့်သွင်းသယ်ဆောင်လာခဲ့တာကိုလည်း ဖမ်းမိခဲ့ပြီးတော့ အဲ့ဒီဆေးပြားသယ်ဆောင်လာခဲ့တဲ့အမျိုးသားက တလုံးကို၃၀ဘတ် နဲ့ ၁၅၀၀ဘတ်ဖိုးဝယ်လာခဲ့တာဖြစ်ပြီး တကိုယ်ရည်သုံးဖို့သယ်လာခဲ့တယ်လို့ထွက်ဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက်သတင်းဌာနဖြစ်တဲ့ Khaosod Online သတင်းဌာနကရေးသားထားပါတယ်။
Khaosod Online – https://rb.gy/7tl01x
☑️သုံးသပ်ချက်
ဖမ်းဆီးခံခဲ့ရတဲ့သူတွေက ထိုင်းနိုင်ငံမှာတရားမဝင်လာရောအလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေသာဖြစ်ပြီး NLDအားပေးထောက်ခံတဲ့သူတွေ၊ ဝရမ်းပြေးတွေ လို့ရေးသားထားတာမျိုး သတင်းမီဒီယာတွေမှာ ဖော်ပြထားတာမတွေ့ရပါဘူး။
ဒါကြောင့် ဖမ်းဆီးခံရတဲ့ရွှေ့ပြောင်းအလုပ်သမားတွေက NLDအားပေးထောက်ခံတာကြောင့်ဖမ်းဆီးခဲ့ရတဲ့ဆိုတဲ့အကြောင်းအရာမှာ အကြောင်းအရာအမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ ((dnafactcheck@gmail.com) ကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork